Part 15
ကော်ဖီဆိုင်မှာ ထိုင်သောကြောင့် ကော်ဖီတစ်ခွက်မှာထားမိသော်လည်း ကျွန်တော် ကော်ဖီသောက်ဖို့ စိတ်ကူးမရှိပါ။ ကျွန်တော်ကပဲချိန်းထားတဲ့အချိန်ထက်စောနေတာလား၊ စိတ်ပဲစောနေတာလား၊ ဘတ်ခ်ဟျွန်းကပဲ နောက်ကျနေတာလား မသိ။ ကျွန်တော်တစ်ယောက်တည်း ထိုင်နေတာတော်တော်ကြာလာသလိုခံစားရသည်။
မျက်လုံးထဲက အခုအထိ ဖျောက်ဖျက်မရတဲ့ ဂျောင်ဆူးနှုတ်ခမ်းထောင့်က သွေးစ အတွက်ကျွန်တော်သိချင်တဲ့အဖြေက ဘတ်ခ်ဟျွန်းဆီမှာ။ ကျွန်တော်တို့ ပင်လယ်မြို့လေးမှာ ၂ ရက်လောက်သာ ဆက်နေခဲ့ပြီး ဆိုးလ်ကတိုက်ခန်းလေးဆီပြန်လာခဲ့သည်။ ဒီတစ်ခါ ကျွန်တော် ဂျောင်ဆူးကို အိမ်မှာပဲမဖြစ်မနေပြန်နေပေးဖို့ အတင်းတောင်းဆိုပြီးခေါ်လာခဲ့သည်။ ဂျောင်ဆူးက ဘာလို့မှန်းမသိ ကျွန်တော်နားမှာနေဖို့ကို တွန့်ဆုတ်နေသလိုဖြစ်နေသည်။
"ချန်ယောလ် စောင့်ရတာကြာသွားလား ဆောရီး"
"ရတယ် ဘတ်ခ်ဟျွန်း
ဘာသောက်ဦးမလဲ""မသောက်တော့ဘူး ထားလိုက်တော့"
"ဂျောင်ဆူး ဘာဖြစ်နေလဲ မင်းသိတယ်မလား
ငါ့ကိုအကုန်ပြောပြပါ"ဘတ်ခ်ဟျွန်းက ကျွန်တော့်ကို *အခုမှ တော်တော်အဖြစ်သည်းနေတယ်* ဆိုတဲ့ အကြည့်နဲ့ ကြည့်သည်။
"သူအဆုတ်အားနည်းတာမင်းသိတယ်မလား"
"အင်း ငယ်ကတည်းက အားနည်းတာ သိတယ်"
"မင်းလာကြိုမယ်ဆိုပြီး လုံးဝဖုန်းမကိုင်တဲ့နေ့က သူမင်းကို မလာမချင်း မိုးထဲလေထဲစောင့်နေခဲ့တာ
နောက်ဆုံးတော့ မိုးရေထဲသတိလစ်သွားတယ် အဲ့ဒီအရှိန်နဲ့ပဲ နျူမိုးနီးယားဝင်သွားတယ်
သူ့အဆုတ်ကအရင်ထက်အခြေအနေအများကြီးဆိုးနေတယ် ငါ့အစ်ကိုနဲ့ကုနေပေမဲ့ နဂိုကတည်းကအားနည်းတော့..."ကျွန်တော့်နားထဲ ဘတ်ခ်ဟျွန်းပြောတဲ့စကားတွေက ဝင်တစ်ချက် မဝင်တစ်ချက်ဖြစ်နေသည်။ အရင်ကတည်းက အဆုတ်မကောင်းတာသိပေမဲ့ ပိုဂရုစိုက်ပေးဖို့ ကျွန်တော်ဘာလို့များမတွေးမိခဲ့တာလဲ။ ပိုပြီးဆိုးသွားအောင်လုပ်လိုက်မိတာကလည်း ကိုယ်ကိုတိုင်ဆိုတော့ ကျွန်တော်က ဂျောင်ဆူးအပေါ် နာကျင်စရာတွေ ပေးပြီးရင်း ပေးမိနေတယ် ဆိုတဲ့စိတ်နဲ့ တစ်သက်လုံး အပြစ်ကြီးတစ်ခုလို့ ခံစားသွားရတော့မည်။
![](https://img.wattpad.com/cover/294741666-288-k470683.jpg)
YOU ARE READING
The heart wants what it wants
Fanfictionနှလုံးသားက သူ့အလိုအတိုင်းရွေးချယ်တာမို့ ကျွန်တော်တို့မှာ လွန်ဆန်ခွင့်မရှိ.... Chansoo 🐯🐧 (Unicode + Zawgyi)