Chapter_1

22K 989 17
                                    

Stalker

HH

yaoi

.........................................

'' ချ​လောက်​ ''

တိတ်​ဆိတ်​တဲ့ညအချိန်​​ကြောင့်​ဆို​ပေမဲ့ လိုတာထက်​ပိုပြီး​အေးစက်​​မှောင်​မည်း​နေတဲ့ ဒီ​နေရာ​ကြောင့်​ တံခါး​လော့ခ်​ဖွင့်​သံတိုးတိုး​လေး​ဟာ ကျယ်​​လောင်​တဲ့အသံတခုတခုသို့​ပြောင်းသွား​လေရဲ့..........

ညင်​ညင်​သာသာ​လေးပွင့်​လာတဲ့တံခါး​နောက်​က သွယ်​လျလျ​ခြေ​ထောက်​​လေးက အခန်းထဲကို​ခြေချရင်း ဖြူဖြူ​သေး​သေး​ကောင်​​လေးတ​ယောက်​က အခန်းထဲဝင်​လာတာကို ခပ်​​ဖြော့​ဖြော့မီး​ရောင်​​အောက်​မှာ​တွေ့လိုက်​ရတယ်​....

အခန်းကိုရင်းနှီး​နေဟန်​ရှိတဲ့ ​ကောင်​​လေးရဲ့လက်​​ချောင်းသွယ်​သွယ်​​လေး​တွေက ချက်​ချင်းဆိုသလို နံရံ​ပေါ်မှာရှိတဲ့တစုံတခုကိုဖိလိုက်​၏

ဖြတ်​ခနဲလင်းသွားတဲ့အလင်း​ရောင်​​အောက်​မှာ အရမ်းရှုပ်​ပွ​နေပုံမ​ပေါ်​သော်​လည်း သပ်​သပ်​ရပ်​ရပ်​​တော့ရှိပုံမ​ပေါ်တဲ့ ​ကောင်​​လေး​ရောက်​​နေတဲ့အခန်းရဲ့ပုံစံ​ပေါ်​လေး​ပေါ်လာသည်

ကောင်​​လေးရဲ့မျက်​လုံးကြည်​ကြည်​​လေးက ​ဝေ့ကာဝိုက်​ကာဖြင့်​ အခန်းထဲမှာတစုံတခုကိုရှာ​ဖွေ​နေသည့်​အလား......

အခန်းတခန်းရဲ့အလျား အနံဟာဘယ်​​လောက်​ရှည်​နိုင်​မှာမို့လို့လဲ

အချိန်​တိုတွင်းမှာ​ကောင်​​လေးရဲ့အကြည့်​​တွေက အခန်း​ထောင့်​ရဲ့တ​နေရာမှာစုပုံကျသွားသည်​....................................

နှုးညံ့ပုံ​ပေါ်တဲ့ဆံပင်​​ပျော့​ပျော့​လေး​တွေက သူ့ပုံစံနဲ့မလိုက်​​အောင်​ရှုပ်​ပွ​နေသည့်​ အခန်း​ထောင့်​က​သူ့​ရှေ့မှာကျ​တော်​သွားရပ်​လိုက်​တယ်

လူတကာအားကျ​လောက်​​တဲ့မျက်​​တောင်​ရှည်​​တွေနဲ့အတူချထားတဲ့ သူ့မျက်​ခွံမို့မို့​လေး​တွေ​ကြောင့်​ ဘယ်​​လောက်​ငိုထားမှန်းသိသာလှပါတယ်

သူဘယ်​​လောက်​နာကျင်​ခံစားရမလဲ ..... ကျ​တော်​​တွေးမိပါတယ်

STALKER [HunHan]Where stories live. Discover now