* ~Ring~ *" ကြိုဆိုပါတယ်... ဘာများသုံးဆောင်- umm!!? "
ဆိုင်တံခါးကခေါင်းလောင်းသံလေးနဲ့အတူ luhanတာဝန်ကျရာကောင်တာရှေ့သို့ customerရောက်လာသောကြောင့်နှုတ်ဆက်ပီးမော့အကြည့် မနေ့ကတွေ့ခဲ့တဲ့ sehun hyungရဲ့ညီဆိုတဲ့ jongdaeကိုတွေ့တော့ သူနည်းနည်းတော့အံ့သြသွားတယ်။ဒါပေမဲ့ တိုက်ဆိုင်တာလည်းဖြစ်နိုင်တာပဲ။ luhanလည်းအပြုံးလေးတခုချိတ်ဆွဲပီး
" annyeonhasayo... မှတ်မိမလားမသိဘူး မနေ့က- "
" ခဏလောက်စကားပြောရအောင် "
ပြုံးလိုက်ရင် နှုတ်ခမ်းထောင့်စွန်းလေးကကွေးညွှတ်သွားပီးလေကိုင်းလေးလိုဖြစ်သွားတတ်တဲ့ jongdaeရဲ့အပြုံးကိုစတွေ့ကတည်းကသတိထားမိပေမဲ့ ဒီလိုမျိုးမပြုံးဘဲရုပ်တည်တည်နဲ့ဆိုလည်းကြည့်လို့ကောင်းတာပဲလို့ luhanတွေးမိတယ်။ဒါပေမဲ့ လိုတာထက်ပိုမာနေတယ်လို့ထင်ရတဲ့ jongdaeရဲ့မျက်နှာထားကိုကြည့်ပီး စိတ်ထဲသိပ်ဘဝင်မကျ။ ဆိုင်ထဲမှာလည်းလူနည်းနည်းပါးနေသေးတာမို့ xiumin hyungကို အရိပ်အခြေခပ်မြန်မြန်ပြပီး jongdaeရဲ့နောက်ကိုအပြေးတပိုင်းလိုက်သွားလိုက်တယ်။
~ ••••• ~Jongdae, သူ့အရှေ့မှာပုံပုံလေးထိုင်နေတဲ့ကောင်လေးကိုသေချာကြည့်လိုက်တယ်။ကော်ဖီရောင်လိုလို အညိုနက်ရောင်လိုလိုနဲ့ခပ်အုပ်အုပ်ကျနေတဲ့ဆံပင်တွေကြောင့်မျက်နှာသေးသေးလေးကပိုသေးနေသလားလို့....ယောက်ျားလေးတန်မဲ့ပါးမို့မို့ပေါ်မှာလည်းပန်းနုရောင်လေးခပ်ပြေပြေလေးနဲ့အတူ သွေးကြောစိမ်းစိမ်းလေးတွေပါသေချာကြည့်ရင်တွေ့ရသည်... ပီးတော့မျက်ဝန်းလေးတွေ ... ဒီအပြစ်ကင်းလွန်းပုံပေါ်တဲ့မျက်ဝန်းတောက်တောက်လေးတွေကြောင့် jongdaeရဲ့စွပ်စွဲချက်တွေတောင်ရုတ်သိမ်းချင်စိတ်ပေါက်မိသည်။sehun hyung ဘာလို့သဘောကျလဲဆိုတာနည်းနည်းတော့လက်ခံချင်လာသလိုပဲ။
VOUS LISEZ
STALKER [HunHan]
FanfictionStalker !!!! WHO ??? hunnie ??? or... xiaoLu ??? HunHan|| SeLu Boy×Boy