အာရုံဦးအလင်းရောင်ခပ်ဖျော့ဖျော့နဲ့အတူ ဆိုင်တဆိုင်လုံးကတိတ်ဆိတ်ပီးအရောင်ဖျော့နေပေမဲ့ ကောင်တာနားမှာတော့ စုတ်ဖွာဖွာခေါင်းလေးနဲ့ကောင်လေးတယောက်ကတော့ အလင်းရောင်ခပ်သဲ့သဲ့နဲ့အတူလှုပ်ရှားနေသည်။
" hummm~ မွှေးလိုက်တာ "
ခုလေးတင်ကိုယ်တိုင်ကြိတ်ထားတဲ့ကော်ဖီမှုန့်လေးကိုလက်ဖဝါးပေါ်အနည်းငယ်တင်ကာ နှာခေါင်းလုံးလုံးလေးကအနားကပ်ပီးပါပီလေးတေလိုတရှုံ့ရှုံ့ရှုကာ သဘောကျသလိုတကိုယ်တော်ခပ်တိုးတိုးရေရွှတ်နေတဲ့ Luhan...
ချစ်ရသူအတွက်ကိုယ်တိုင်လုပ်ပေးနိုင်တယ်ဆိုတဲ့စိတ်လေးနဲ့တင် Luhanရဲ့နှုတ်ခမ်းဖျားပေါ်ကအပြုံးနုနုလေးကအစွမ်းကုန်တောက်ပနေတော့သည်။
* ဒုန်း *
" Ah!! eiiii~ တော်သေးတာပေါ့ "
ကော်ဖီမှုန့်ထည့်ထားတဲ့ခွက်ကို မသိရင်ရွှေတုံးကြီးကောက်ရထားသလို လက်ထဲထည့်ပီးကြည့်သွားနေတော့ အနားကခုံကိုမမြင်ဘဲဝင်တိုက်မိလေပီ။
Coffeeဆိုင်တွင် နာမည်နဲ့လိပ်စာတခုတည်းပြောကာ part-timeလာလျှောက်သည့်ကျနော့်ကို စူးစမ်းသလိုအကြည့်တချက်သာပေးရင်း အပြုံးချိုချိုနဲ့ကြိုဆိုခဲ့သည့် umin hyungသည် ကျနော်တောင်းဆိုသည့်ကော်ဖီမွှေးမွှေးလေးတခွက်ရရန်ပြုလုပ်ပုံ ပြုလုပ်နည်းကိုသင်ပေးသောအခါ ပါရမီပါသည်ဟုဆိုခဲ့သည်။
တကယ်တော့ ကျနော်ချစ်တဲ့ကော်ဖီပူပူလေးကို ကော်ဖီမကြိုက်တတ်တဲ့ ကျနော်ချစ်ရတဲ့သူကိုပါ
ဝေမျှချင်လိုတဲ့ဆန္ဒလေးတခုကြောင့် လွယ်လွယ်နဲ့အတတ်မြန်ခဲ့တာဟုသာထင်ပါသည်။နံနက်တိုင်းအားကစားလုပ်လေ့ရှိတဲ့ hyungအတွက် ဒီလိုကော်ဖီလေး hyung့အိမ်ရှေ့ကမြင်လောက်မဲ့နေရာမှာ ခိုးခိုးထားရတာလည်းအရသာတမျိုးလေးပင်~
YOU ARE READING
STALKER [HunHan]
FanfictionStalker !!!! WHO ??? hunnie ??? or... xiaoLu ??? HunHan|| SeLu Boy×Boy