ဟိုဟိုဒီဒီပြေးလွှားဆော့နေကြတဲ့ကာင်လေးတေ..... တယောက်နဲ့တယောက်ရိုက်ပုတ်ရိုက်ပုတ်စနောက်နေကြတဲ့သူတေ..... ဟိုတစုဒီတစုဝိုင်းဖွဲ့စကားပြောနေကြတဲ့ကောင်မလေးတေ ..... Luhan ဒီအခန်းအပေါက်ဝရှေ့ရပ်ကြည့်နေမိတာလည်းဆယ်မိနစ်လောက်ရှိပါပီ အခုချိန်ထိတော့သူ့ကို ဘယ်သူ့မှဂရုမပြုမိသေးတာမှန်ပေမဲ့ luhan ဒီအခန်းထဲခြေချမိတာနဲ့မနက်တုန်းကကျောင်းထဲဝင်လာတုန်းကလို သူ့ကိုအထူးအဆန်းသဖွယ်အာရုံစိုက်ခံရတော့မှာသေချာသလောက်ပင်။
အင်းလေ ဘယ်သူကလည်း part time jobတေနဲ့သာမန်ကျောင်းသားလေးတယောက် (အတိအကျပြောရရင်တောင် မထုံတက်တေးnerdတယောက်) တချို့ဆိုအတန်းထဲရှိမှန်းတောင်သတိမထားမိကြတဲ့ လူမသိသူမသိအတန်းသားတယောက်က တနေ့မှာရုတ်တရက်ကြီးကိုးရီးယားနိုင်ငံရဲ့အင်အားအကြီးဆုံးနံပါတ်လေးနေရာက "Wu" Groupရဲ့တခမ်းတနားအဆောင်အယောင်တေနဲ့ကျောင်းကိုရောက်ချလာတာကို ဂရုမစိုက်သတိမထားမစပ်စုချင်ဘဲရှိကြမလဲ! အဲ့ဒါကလည်း "Wu" Groupရဲ့ဒုတိယသား ထပ်ပြောရရင်သူတို့ကျောင်းမှာ ပိုင်ဆိုင်မှုအားကိုးနဲ့ထင်တိုင်းကြဲနေတဲ့အုပ်စုထဲက Wu Krisနဲ့ကားတစ်စီးတည်းစီးလာတယ်ဆိုတာက Exodusကျောင်းတကျောင်းဝယ်ပျံနှံ့နေပီးလောက်ပီ။
အတန်းထဲဝင်လိုက်တာနဲ့ အကုန်လုံးရဲ့အာရုံက ဝင်လာတဲ့သူ့ဆီကိုရောက်လာကြာင်း ခုနကဆူညံေံနတဲ့အသံတေတိတ်သွားကာ luhanကိုကြည့်ပီး တိုးတိုး တိုးတိုးနဲ့ဖစ်သွားကြတာကိုကြည့်ပီးသိနိုင်သည်။
Luhan လက်ထဲကကိုင်ထားမိတဲ့လွယ်အိတ်ကြိုးကိုခပ်တင်းတင်းဆုပ်ကိုင်လိုက်ရင်း သူ့နေရာလေးဖစ်တဲ့နောက်ဆုံးတန်းကိုသွားကာ သူ့ကိုစူးစမ်းသလိုစိုက်ကြည့်နေကြတဲ့သူတေကို ဘယ်သူ့ကိုမှမကြည့်ဘဲထိုင်လိုက်သည်။ ဘေးနားမှာထိုင်နေတဲ့ baekhyunကိုတွေ့တော့ luhanပျော်သွားသည်။ တကယ်ဆို သူ baekနဲ့မတွေ့ရတာလည်းနှစ်ရက်သုံ့းရက်ရှိနေပီမို့ သူ့ရဲ့သူငယ်ချင်းလေးကိုLuhanလွမ်းနေပါပီ။ ဒါပေမဲ့ luhanကိုတွေ့တိုင်းပါးစပ်လေးက လေးထောင့်လေးဖစ်သွားတဲ့အထိချစ်ဖို့ကောင်းအောင်ရယ်ပြတတ်တဲ့ baekhyunဟာ ခါတိုင်းနဲ့မတူစွာ luhanပြုံးပြတာကိုစာအုပ်ဖတိချင်ယောင်ဆောင်ကာ မမြင်ချင်ယောင်ဆောင်နေပြန်တယ်။
YOU ARE READING
STALKER [HunHan]
FanfictionStalker !!!! WHO ??? hunnie ??? or... xiaoLu ??? HunHan|| SeLu Boy×Boy