Chapter_16

5.2K 544 29
                                        

" အင့်​! "

အတန်း​နောက်​ဆုံးတန်း၏​ထောင့်​ဆုံးခုံတွင်​ စာ​ရေးစားပွဲ​ပေါ်သွယ်​လျရှည်​သွယ်​တဲ့​ခြေတံရှည်​​တေကိုတင်​ထားပီး ခုံကိုမှီကာလက်​ပိုက်​ထားလျက်​​မျက်​လုံးများမှိတ်​ထားသည့်​ သူ့ရဲ့မင်းသား​လေးဖစ်​သည့်​ hyungကိုလာ​ချောင်းကြည့်​သည့်​ တတိယ​မြောက်​​နေ့တွင်​ဖစ်​သည်​။ အတန်းထဲတွင်​ဆရာမဝင်​​သေးသည့်​အချိန်​....ဆူညံ​နေသည့်​အတန်းသားများး​ကြောင့်​ ​အေး​အေး​ဆေး​ဆေး​နေတတ်​သည့်​hyungဟာစိတ်​ရှုပ်​​နေ​ကြောင်းရှုံ့တွ​နေသည့်​နဖူး​ကြောများကြည့်​ရင်း luhanပြုံးမိလျက်​သားဖစ်​သွားသည်​။ hyungရဲ့ပုံစံကကိုယ်​လိုချင်​တာမရသည့်​က​လေးတ​ယောက်​နှယ်​။ ဒီ​နေ့အဖို့လွမ်းဆွတ်​တာ​တေကို​ဖြေ​ဖျောက်​ဖို့လုံ​လောက်​တဲ့အ​နေအထားကိုရပီမို့ ( လွမ်းရသူအတွက်​ လုံ​လောက်​တယ်​ဆိုတဲ့စကားကမ​လောက်​ငှ​ပေမဲ့ ဒီ​လောက်​နဲ့ပဲ​ကျေနပ်​ရမဲ့အ​ကြောင်းပဲ​လေ~) luhan ​အတန်းထဲကို​ချောင်းကြည့်​​နေရာမှ ကိုယ့်​အတန်းကိုပြန်​ရင်​လှည့်​လိုက်​သည့်​အချိန်​တွင်​တစုံတ​ယောက်​နဲ့တိုက်​မိ​ကာ ​ခြေ​ချော်​ပီး​ခွေလျက်​ကျပြန်​သည်​။

" ​​ချာတိတ်​ အဆင်​​ပြေရဲ့လား "

ထုံးစံအတိုင်းအပစ်​တင်စကားသံများကြားရမယ်​ထင်​​သော်​​လည်းစိုးရိမ်​မှု​တေ​ရောပြွမ်း​နေတဲ့ကြားဖူး​နေကျအသံ​ကြောင့်​ ​မော့ကြည့်​လိုက်​သည်​။

" kai~eií hyung "

sehun hyungနဲ့ထိပ်​တိုက်​မ​တွေ့ရဲတာ​ကြောင့်​ hyungရဲ့သူငယ်​ချင်း​တေကိုပါစကားမ​ပြောရတာအ​တော်​ကြာ​လေပီ~ သူများ​တေဘာ​ကြောင့်​​ကြောက်​ကြမှန်းမသိ​ပေမဲ့ luhanအတွက်​​တော့ ထိုအုပ်​စုကပင်​​ပျော်​ရွှင်​မှုတခုဖစ်​ခဲ့သည်​။ အ​ကြောင်းပြချက်​ဘာမှန်းမသိ​ပေမဲ့ ​သူ့ကိုနွေး​နွေး​ထွေး​ထွေးဆက်​ဆံ​ပေးခဲ့​သောသူတို့ကိုလည်း baekhyunနီးပါးခင်​ပါသည်​။ အခုလိုနည်းနည်း​လေးထိခိုက်​မိတာကို​တောင်​စိုးရိမ်​​ပေး​နေတဲ့ kai hyung​ကြောင့်​ luhanမျက်​ရည်​​တေဝဲလာသလိုပင်​~

STALKER [HunHan]Where stories live. Discover now