" သခင်လေး ကောင်းကောင်းသွားပါ "
sehun ကားပေါ်ကဆင်းမယ်လုပ်တော့ လိုက်ပို့ပေးတဲ့ driver arjushiရဲ့နေ့စဉ်နှုတ်ဆက်စကားကို စကားနည်းသူပီပီ အသိမှတ်ပြုသည့်သဘောဖြင့်ခေါင်းငြိမ့်ပြရင်းဆင်းလာခဲ့သည်။
" HYUNG!! "
ထုံးစံအတိုင်း oh sehunရဲ့ stalkerလေးက ကျောင်းဂိတ်ပေါက်ဝမှာ ... သူ့ကိုတွေ့တာနဲ့ မျက်လုံးတောက်တောက်လေးတွေနဲ့ နှုတ်ဆက်နေတယ်
sehunလည်း မမြင်သလိုဟန်ဆောင်ရင်း luhanဘေးနားကဖြတ်သွားတော့ ကောင်လေးကသမင်ပေါက်လေးလိုခုန်ပေါက်ပီး သူ့နားအပြေးလာတယ်
ပီးရင် ဟိုအကြောင်းဒီအကြောင်းဘာညာသာဓကာကိစ္စအစုံကိုsehunရဲ့အခန်းရှေ့ရောက်တဲ့အထိပြောမယ်
luhanပြောသမျှကို sehunကနားမထောင်ချင်ယောင်ဆောင်ပီးအော်ငေါက်မယ်
အော်လိုက်လို့ luhanမျက်နှာလေးညိုးသွားမယ်ဆိုရင် sehunကမချော့တတ်ဘဲချော့တော့ ကောင်လေးကပိုငိုသွားမယ် (ဒါမျိုးကတခါတလေမှပါ ဘာလို့လည်းဆိုတော့ luhanက sehunဘာပြောပြော အမြဲတမ်းခပ်ပြုံးပြုံးနဲ့နားထောင်တတ်တာများတာကိုး )
ပီးရင် အားရင်အားသလို sehunတို့အခန်းနားမှာယောင်လည်ယောင်လည်လုပ်မယ် (ဒါပေမဲ့ သူတို့ကအတန်းထဲမရှိတာများတာကခက်တယ် )
အတန်းထဲမှာသာမတွေ့ကြည့် ...luhanတယောက်လည်တဆန့်ဆန့်နဲ့သူထိုင်နေတဲ့နောက်ဆုံးအစွန်းဆုံးခုံကနေ လှမ်းမြင်နေရတဲ့ ကျောင်းဂိတ်ပေါက်ဝကိုခဏခဏကြည့်နေမယ်
ဆက်လိုက်ရင်ကိုင်မယ်ဆိုတာသိပေမဲ့ မဆက်ဘဲphကိုသာအသေပွတ်နေမယ်
sehunတို့ကျောင်းမှာရှိတဲ့နေ့..... တွေ့ပါလိမ့်မယ် ထမင်းစားဆောင်ထဲမှာ oh sehunဘေးနားမှာပွစိပွစိပြောနေမဲ့ကောင်လေးသေးသေးလေးတယောက်
YOU ARE READING
STALKER [HunHan]
FanfictionStalker !!!! WHO ??? hunnie ??? or... xiaoLu ??? HunHan|| SeLu Boy×Boy