Chapter_14

5.1K 584 42
                                    

Sehun အနီးဆုံး​တွေ့တဲ့ခုံတန်း​လေး​ပေါ်ထိုင်​ရင်း​ရေ​သောက်​အ​မော​ဖြေ​နေသည်​။ ​အသက်​ရှုနှုန်းမြန်​​နေတာ​ကြောင့်​နိမ့်​ချည်​မြင့်​ချည်​ဖစ်​​နေတဲ့ sehunရဲ့ရင်​ဘတ်​အစုံဟာ လှစ်​ဟာမှုတခုအလည်​​ရောက်​​နေသည်​ကို​တော့sehunရိပ်​မိသည်​။ ပုံမှန်​​ပြေး​နေကျ​ပြေးနှုန်းထက်​ပိုမြန်​မြန်​​ပြေးထားမိတာ​ကြောင့်​အသက်​ကိုလုရှုရင်းမျက်​စိမှိတ်​အ​မော​ဖြေ​နေသည်​။

" sehun hyung! "

ကြည်​လင်​တဲ့အသံချိုချို​လေးတခု​ကြောင့်​ သိ​နေ​ပေမဲ့ မျက်​လုံးဖွင့်​လိုက်​သည်​။

အညို​​ရောင်​ဆံပင်​​ခွေ​ခွေ​ခေါက်​​ခေါက်​​လေးနဲ့ သူ့ကိုအပေါ်ကငုံမိုးကြည့်​​နေတဲ့Luhanရဲ့မျက်​နှာ​လေးဟာ အ​နောက်​ကမိုးပြာ​ရောင်​​ကောင်းကင်​ကြီးနဲ့ပနံသင့်​လှသည်​ဟု​တွေးမိပြန်​တယ်​။

ရှုထုတ်​ရှုသွင်းနဲ့အတူ sehunခဏခဏခိုးကြည့်​မိတဲ့​သေး​သေးချွန်​ချွန်​နှုတ်​ခမ်း​လေးကသူ့ကိုတခုခု​ပြော​တော့မလို့ဟန်​နဲ့​ ခပ်​​နွေး​နွေး​လေများက sehunမျက်​​နှာပေါ်ရစ်​ဝဲ​နေတယ်​။့

အရွယ်​နဲ့မလိုက်​​အောင်​ပင်​ပန်းရတာ​ကြောင့်​ ​သွေး​ရောင်​မရှိတဲ့ခပ်​​ဖျော့​ဖျော့နှုတ်​ခမ်းအစုံကလှပတဲ့အပြုံးတခုကိုဖန်​ဆင်းရင်း

" ဘာလို့ဒီ​လောက်​အမြန်​​ပြေး​နေရတာလဲ hyung ya... "

ပြီတီတီ ပြုံးတုံးတုံးနဲ့အမြင်​ကတ်​စရာ​ကောင်းတဲ့​လေသံနဲ့​ပြော​နေတဲ့Luhan​ကြောင့်​ sehunအခုမှသတိထားမိသွားသည်​။

နေစမ်းပါအုံး~! ဒီ​ကောင်​​လေး!!ဲ

" Yah~!! Luh- "

တကယ်​​တော့ ဒါကပုံရိပ်​​ယောင်​​တေပါ...။
ကျ​နော်​​နောက်​ကိုအမြဲလိုက်​​နေကျ luhanဆိုတဲ့သူဟာအခုမရှိပါဘူး။
ကျ​နော့်​ရဲ့မနက်​ခင်းမှာမြင်​​နေကြ​ အိပ်​ချင်​မူးတူးနဲ့ apple hair​လေးနဲ့စကားတတွတ်​တွတ်​​ပြောတတ်​တဲ့​ကောင်​​လေးဟာအခု ဒီ​နေရာမှမရှိပါဘူး။
ကျ​နော့်​​နောက်​ကိုအာရုံမစိုက်​ စိုက်​မိ​အောင်​လိုက်​​နေတဲ့ stalker​သေး​သေး​လေးဟာ အခုဒီ​နေရာမှာရှိမ​နေပြန်​ပါဘူး။

STALKER [HunHan]Nơi câu chuyện tồn tại. Hãy khám phá bây giờ