" အာာာာားးးးးး ဝိုးးးးးးးးးးးးးး "
**tak**
Sehun သူ့ဘေးနားက ကစားကွင်းတခုလုံးကြားအောင်အော်နေလားလို့ထင်ရအောင်အသံပြဲကြီးနဲ့အော်နေတဲ့ luhanကိုစိတ်ရှုပ်သလိုစုတ်သပ်လိုက်ပေမဲ့
" အမေ့!! "
တချက်တချက် ကွေ့ ကွေ့သွားတဲ့လမ်းကြောင်းကြောင့် လန့်ပီးလည်ချောင်းဝထိတက်လာတဲ့အသံကိုမနည်းပြန်မြိုချရင်း လက်လှမ်းမှီရာ အရှေ့ကတန်းကိုသာကျိတ်ကျိတ်ပါအောင်ဆုပ်ကိုင်ရင်းအံကြိတ်လိုက်သည်။ သေချာပေါက် မျက်လုံးကလည်းမပွင့်တော့ဘူးလေ~
" hyung...hyung!! sehun hyung!!? "
လည်ပင်းကခပ်ရွဲရွဲnecktieကိုညင်ညင်သာသာ(ရွဲ့ပြော၏:3) ကိုင်ဆောင့်ရင်းသူ့နာမည်ကိုအော်နေတဲ့ luhanကြောင့် sehun အတင်းမှိတ်ထားမိတဲ့မျက်လုံးကိုခပ်ဖြေးဖြေးဖွင့်လိုက်သော်လည်း အလင်းရောင်စူးစူးကြောင့်ပြန်မှိတ်လိုက်မိသည်။
" hyung အဆင်ပြေရဲ့လားဟင်!! ဆင်းရတော့မယ် နောက်တသုတ်တက်ကြတော့မှာ "
ရိုလာကိုစကာဆိုသောအရာကြီးအားလေးကြိမ်မြောက်စီးပီးသောအခါ နားတေလည်းအူပီးခြေထောက်မခိုင်နိုင်တော့တာက sehunအပစ်လို့မထင်မိ~! -.- မျက်လုံးကိုအသာပြန်မှေးဖွင့်ရင်းကြည့်လိုက်တော့ သူပြောသလို နောက်တခေါက်အတွက်လူတေအဆင့်သင့်ရောက်နေပီမို့ ခဏဆက်ထိုင်ချင်နေသေးပေမဲ့ ယိုင်နဲ့နဲ့ နဲ့ပဲ ခြေထောက်တေကိုတရွတ်တိုက်ပြန်ဆင်းရတော့သည်။ဘေးနားက ဘာမှဖစ်ပုံမပေါ်တဲ့မြောက်ကြွမြောက်ကြွအကောင်လေး တွဲပေးထားတဲ့လက်ကိုစိတ်ပေါက်ပေါက်နဲ့အတင်းရုန်းကာ နီးစပ်ရာနေရာမှာသာထိုင်ချလိုက်မိ၏ လမ်းဘေးနေရာလားတောင်မသိတော့ပါဘူး -.-
" ကျနော်အအေးဘူးသွားဝယ်ပေးမယ် ခဏစောင့်နော်! "
" huh~! "
ဘာမှမပြောရသေးခင်ဘဲ လှစ်ခနဲပြေးထွက်သွားပြန်သည်။ sehun ပြောလည်းမပြောနိုင်တော့။ ကြောက်တယ်ရယ်လို့တော့မဟုတ်ပေမဲ့မစီးတာကြာလို့လားပဲ လူကconditionမကောင်း အဲ့ဟာကြီးကိုလေးခါလောက်စီးပီးတက်ကြွနေနိုင်တာ အဲ့ပိစိတယောက်ပဲရှိမယ်ထင်ရဲ့ :3
ESTÁS LEYENDO
STALKER [HunHan]
FanficStalker !!!! WHO ??? hunnie ??? or... xiaoLu ??? HunHan|| SeLu Boy×Boy