အနီရောင် ဆံထိုးလေး

1.1K 44 2
                                    

Zawgyi

လျိုနိုင်ငံမှထွက်လာပြီး လျိုကျင်းရန်နှင့်ဝမ်တို့ဟာ တောထဲမှာနှစ်ရက်ကြာအောင်နေခဲ့ရကာ နောက်တစ်နေ့ကျမှ အရမ်းခေါင်တဲ့ ရွာငယ်လေးတစ်ရွာကိုရောက်ရှိခဲ့ကြသည်။

ရွာနာမည်က ယုံချင်းရွာ။

ထိုရွာသည် ရေရှားအစားအသောက်များရှားပါးသော်လည်းရွာသားတွေကတော့ ချစ်ဖို့ကောင်းတဲ့ဝမ့်နဲ့ဖော်ရွေတတ်တဲ့ လျိုကျင်းရန်တို့နှစ်ယောက်ကို ဆွေမျိုးသားချင်းတွေလိုချစ်ကြပါ၏။သူတို့နှစ်ယောက်နေထိုင်ဖို့အတွက် အရမ်းကြီးလည်းမကောင်းသလို အရမ်းလည်းမဆိုးတဲ့ အိမ်လေးတစ်လုံးပေးထားကြသည်။

လျိုကျင်းရန်က နေ့ခင်းဘက်ကျလျှင် ရွာသားတွေနှင့်တောတွင်းလိုက်သွားကာ ညနေမှပြန်ရောက်သည်။ဝမ်ရိပေါ်ကကျတော့ အိမ်မှာတစ်ယောက်တည်းကျန်ခဲ့ကာ သိုးမွေထိုးတာ ဒါမှမဟုတ် စာဖတ်တာမျိုး တစ်ခုခုလုပ်လေ့ရှိပြီး တစ်ခါတစ်လေ ကျဲမုန့် ဟင်းလျာများချက်ပြုတ်လျှင်လည်း စပ်စုတတ်ပါသေးသည်။ကျဲမုန့်က သူအိမ်လေးရဲ့ ဘေးနားလေးမှာနေတဲ့ အမတစ်ယောက်။

ယခုလည်း သူဟာ ကျဲမုန့်ချက်ပြုတ်ထားတဲ့ ဖက်ထုပ်ပြုတ်လေးကိုပါးမို့မို့လေးများဖောင်းတက်တဲ့အထိတမြုပ်မြုပ်ဝါးနေပြီး နှုတ်ခမ်းလေးဟာလည်း ရှေ့သို့ထော်ထော်လာသည်မှာအသည်းယားစဖွယ်ပင်။

"ကျဲမုန့်လက်ရာက အရမ်းကောင်းတာပဲ"

ပါးတွေဖောင်းပြီးလက်မလေးထောင်ကာသူ့ကိုတော်ကြောင်းပြောလာတဲ့ကလေးဟာ ပေါက်စီတွေကိုလည်းမျက်စောင်းထိုးနေပါသေးတယ်။

"အားယိုး ဝမ်လေးက ပေါက်စီစားချင်လို့လား"

"ဟုတ်ဟုတ်"

"အရမ်းချစ်ဖို့ကောင်းတာပဲ"

မနေနိုင်စွာပါးဖောင်းဖောင်းတွေကိုညှစ်မိတော့ ချက်ချင်းကိုမျက်နှာစူပုတ်လာတဲ့ကောင်လေး။

"မမတို့ရွာရဲ့ရိုးရာခေါက်ဆွဲလုပ်ထားတယ် ဝမ်လေးစားဖို့မမသွားယူလိုက်မယ်"

"ဟုတ်"

ဒေါက်ဒေါက်

ကျဲမုန့်ခေါက်ဆွဲသွားယူနေတုန်း အိမ်ရှေ့တံခါးခေါက်သံကြားတာမို့ လျိုကောပြန်လာပြီအထင်နဲ့ တံခါးအမြန်ဖွင့်ပေးလိုက်သည်။

The love of the emperor{ဧကရာဇ်မင်း၏အချစ်တော်}completedWhere stories live. Discover now