unicode
အခန်း (4)
ရွှမ်(Xuan)တောင် မြောက်ဘက် တောင်ထိပ်။
ဗလာကျင်းနေတဲ့ ဂူကိုကြည့်လိုက်တော့ ပိုင်ဖုန်းရှီ သက်ပြင်းချပြီး သူမရဲ့လက်ပေါ်က သူမကိုင်ထားတဲ့ အဝတ်အစားကလည်းမြေပြင်ပေါ် ပြုတ်ကျသွားသည်။
ထိုလူက သူမကို မစောင့်ဘဲ ပြင်းထန်သော ဒဏ်ရာကို ခံစားပြီးနောက်တွင်ပင် သူ့ဘာသာသူ ထွက်ခွာသွားခဲ့သည်။
"ဘယ်လိုလူမိုက်မဲတဲ့လူလဲ!"
သူမသည် ညည်းညူရင်း လှိုဏ်ဂူထဲမှ လှည့်ထွက်သွားသည်။
ထိုအချိန်တွင် ဂူတစ်ဝိုက်တွင် လူအများအပြား ရှိနေသည်ကို တွေ့လိုက်ရသဖြင့် သူမသည် ''ခနကပင် ကင်းပုန်းတွင် ထိုလူများကို မတွေ့မိသေးပါ''ဟု မိမိကိုယ်ကို ကျိန်ဆဲနေမိသည်။
"ပိုင်ဖုန်းရှီး! Xuanjiကို လက်လွှဲပေး!"
အကြောင်းအရာကို သူမ၏အမည်ဖြင့် အစားထိုးထားသည်မှလွဲ၍ တူညီသောစကားလုံးများဖြစ်သည်။ ပိုင်ဖုန်းရှီ သည် ခဏတာမျှ ရယ်စရာကောင်းသလို ခံစားလိုက်ရသည်။
"ငါ့မှာ Xuanjiမရှိဘူး၊ ငါ့ကို စိတ်အနှောက်အယှက်ဖြစ်အောင် လာမလုပ်နဲ့''
သူမက ပေါ့ပေါ့ပါးပါး ကြည့်လိုက်သည်။ အနီးနားရှိ လူအချို့သည်၊ သူမ မတွေ့ဖူးသလို အချို့က ရွှမ်(Xuan)တောင်ခြေရင်းတွင် မြင်ဖူးသည်။ အရေအတွက်အားဖြင့် သုံးဆယ်၊ လေးဆယ်လောက် ရှိသည်။
သူတို့က တကယ်ကို အရှုံးမပေးချင်ပေ။ Xuanjiရှိခြင်းက ဘယ်သူ့ကိုမဆို အုပ်စိုးစေနိုင်တယ်လို့ ဒီလူတွေက တကယ်ထင်နေကြသည်။
''အဓိပ္ပါယ်မဲ့! လိုက်တာ မင်း ရန်ယင်းကျိုး ကို ကယ်ခဲ့တာ အဲဒီအချိန်မှာ သူ သတိလစ်နေတော့ Xuanjiကို မင်းယူဖို့ လွယ်သွားပြီလေ။ မင်းမဟုတ်ရင် ဘယ်သူဖြစ်နိုင်မှာလဲ''
လူတစ်ယောက်က အော်ပြောသည်။သူ့စကားတွေကျလာချိန်မှာတော့ အဖြူရောင်အရိပ်တစ်ခုက သူ့ရှေ့မှာ တောက်ပလာပြီး ရုတ်တရက် အသက်ရှူရခက်သွားသည်။ ပိုးဖြူတစ်ထည်က သူ့လည်ပင်းကို တင်းကျပ်စွာ ပတ်ထားသည်။
YOU ARE READING
Who Rules The World(且试天下)Myanmar Translation
Non-FictionTranslation for Who Rules The World novel ဒီNovelကိုလေE to Mကနေဘာသာပြန်ထားတာမလို့အမှားတော့ပါကောင်းပါနိုင်ပါတယ်နော်။နောက်ပြီးပထမဆုံးဘာသာပြန်ဖူးတာမလို့အရေးအသားကတော့ညံ့ပါတယ်။သည်းခံပြီးဖတ်ပေးဖို့မျှော်လင့်ပါတယ်ရှင့်။ အမှားတွေကိုတော့ တဖြည်းဖြည်း ချင်း န...