အခန်း (13.2)

107 10 0
                                    

ပိုင်ဖုန်းရှီးသည်ဟန်ပု က သူမလက်ကို ကိုင်ထားတယ်ဆိုတာကို မထင်ထားသလို သူ့မျက်လုံးတွေက ဟေးဖုန်းရှီး ကို စိုက်ကြည့်ရင်း

"မင်းကရှန် မိသားစုမှာနေဖို့တစ်ယောက်ယောက်ကို စေလွှတ်ထားပြီးဖြစ်လို့ ရှန် မိသားစုရဲ့ ကြွယ်ဝမှုဟာ လုံးလုံးလျားလျား ပျက်စီးသွားမှာ မဟုတ်ပါဘူး။မီးလောင်သွားရင်တောင် အနည်းဆုံး 80% က မင်းလက်ထဲကို ရောက်လာလိမ့်မယ်။ပြီးရင် မီးဘေးသင့်ပြည်သူတွေကို ရှန်မိသားစုရဲ့ ချမ်းသာကြွယ်ဝမှုကို အသုံးပြုပြီး အလှူအဖြစ် ခွဲဝေပေးပြီး မင်းကနာမည်ကောင်း ရလာလိမ့်မယ်။နားထောင်ကြည့်... လမ်းမှာ လူတွေ ပြည့်နေပြီး သူရဲကောင်းဟေးဖုန်းရှီးရဲ့ စေတနာနဲ့ဖြောင့်မှတ်မှုကို ချီးမွမ်းနေ​ကြတာ မဟုတ်လား?တကယ့်ကို ကျော်ကြားမှုနဲ့ ကံကြမ္မာလှည့်ကွက်တစ်ခုပဲ!"

"ဟားဟားဟား..." ဟေးဖုန်းရှီး က သူ့လက်ဖဝါးကို ပွတ်ရင်း ပြုံးကာ "မိန်းက​လေး၊ မင်းငါ့ကို ဒီကမ္ဘာမှာ အသိဆုံးပဲ"

"ဟုတ်တယ်" ပိုင်ဖုန်းရှီး က စိတ်ပျက်လက်ပျက်နဲ့ ထိုင်ခုံမှာပြန်ထိုင်​ပြီး

"မင်းက ကောက်ကျစ်တယ်၊ သစ္စာမဲ့တယ်၊ ရက်စက်တတ်တယ်၊ တစ်ကိုယ်ကောင်းဆန်တယ်၊ သွေးအေးပြီး ရက်စက်ကြမ်းကြုတ်တဲ့ မြေခွေးတစ်ကောင်ဆိုတာ သိသာထင်ရှားတာပဲ၊ ဒါပေမယ့် မင်းကို ဘာလို့ ကမ္ဘာကြီးက ရှင်းရှင်းလင်းလင်း မမြင်နိုင်​ရတာလဲ?မင်း ဘာကြောင့် ချီးမွမ်းခြင်းကို ခံရသေးတာလဲ ? ကမ္ဘာမှာရှိတဲ့ မျက်လုံးတွေ ဘယ်ရောက်သွားကြတာလဲ?''

"ငါက သီလရှိတဲ့သူလို့ တစ်ခါမှ မပြောဖူးပေမယ့် တစ်ကမ္ဘာလုံးက ငါဟာ ကြင်နာတတ်တဲ့သူလို့ပဲ ထင်နေကြတာ။ဟေးဖုန်းရှီး က ပိုင်ဖုန်းရှီး ထက် ပိုပြီး ထက်မြက်တဲ့ပုံပေါက်တယ်''

ဟေးဖုန်းရှီး က ရယ်နေသေးပေမယ့် သူ့ရယ်သံကတော့ လှောင်ပြောင်နေသည်။

"ငါက လူသားတစ်ယောက်အနေနဲ့ အောင်မြင်လွန်းတယ်လို့ မင်းပြောနေတာလား ဒါမှမဟုတ် ကမ္ဘာကြီးက တခြားသူတွေကို သိဖို့ ပျက်ကွက်လွန်းနေတာလား"

Who Rules The World(且试天下)Myanmar TranslationWhere stories live. Discover now