''ပုအာ အဲဒီညက အဲဒီလူသတ်သမားတွေကို မင်းမြင်ခဲ့လား?'' Ruan မြို့အပြင်ဘက်မှာ မြင်းဖြူတစ်ကောင်က ဖြည်းညှင်းစွာ ပြေးလာပြီး လူနှစ်ယောက်ကို တင်ဆောင်ကာ ဟန်ပု ရှေ့မှာ ထိုင်နေပြီး ပိုင်ဖုန်းရှီက နောက်မှာ ထိုင်နေ၏။
ဟန်ပု က ခေါင်းယမ်းလိုက်ပြီး "အဲဒီလူတွေကို ကျွန်တော်မြင်လိုက်ပေမယ့် သူတို့အားလုံး မျက်နှာတွေ ဖုံးထားတော့ သူတို့မျက်နှာတွေကို ရှင်းရှင်းလင်းလင်း မမြင်ရဘူး"
"မင်း သူတို့မျက်နှာတွေကို မမြင်ရဘူး..."
ပိုင်ဖုန်းရှီ က အနည်းငယ် မျက်မှောင်ကြုတ်ပြီး "ဒါဆို ဘာလက်နက်ကို သူတို့ သုံးခဲ့တာလဲ?''"သူတို့ရဲ့ ဓားတွေက အရမ်းရှည်ပြီး ကြီးတဲ့ဓားတွေ''
''ဓားရှည်...'' ပိုင်ဖုန်းရှီ က မျက်မှောင်ကြုတ်ပြီး "သူတို့ အသုံးပြုခဲ့တဲ့ လှုပ်ရှားမှုတွေကို မှတ်မိသေးလား?''ဟန်ပု ကခေါင်းခါပြန်သည်။
"အနက်ရောင်ဝတ်ထားတဲ့ လူတွေရောက်လာတော့ အဖေက ကျွန်တော့်ကို ပုန်းခိုင်းပြီး ထွက်လာဖို့ မပြောဘဲနဲ့ အပြင်ကို ဘယ်တော့မှ မထွက်ဖို့ ပြောခဲ့တယ်၊ ဒါကြောင့် နောက်ဘာဖြစ်သွားမှန်းမသိလိုက်ဘူး"
"အဟ၊ မင်း ဘာမှမသိတော့ အနက်ရောင်ဝတ်ထားတဲ့ လူတွေကို ငါတို့ ဘယ်လိုရှာရမလဲ"
ပိုင်ဖုန်းရှီ က သူမလက်ကို မြှောက်ပြီး ဟန်ပု ၏ ခေါင်းကို ခေါက်လိုက်ပြီး ''မင်း ဒီဘဝမှာ လက်စားချေချင်လား?''
ပိုင်ဖုန်းရှီ ရဲ့စကားကြောင့် ဟန်ပုက "ဟုတ်တယ်၊ အဲဒီလူတွေရဲ့ဇာစ်မြစ်ကို ကျွန်တော်မသိပေမယ့် အဲဒီလူတွေက ကျွန်တော့်မိသားစုရဲ့ ဆေးစာအတွက် လာခဲ့ကြတာကို ကျွန်တော်သိပါတယ်၊ ဖေဖေ့ကို ဆေးစာလွှဲပေးဖို့ သူတို့ပြောတာကိုလည်း ကြားခဲ့တယ်"
"မင်းအိမ်က ဆေးတွေ လုယက်သွားတာ အံ့သြစရာတော့ မဟုတ်တော့ပါဘူး။အခု ဆေးစာတွေ ငါ့လက်ထဲမှာ ရှိတယ်ဆိုတော့...''
ပိုင်ဖုန်းရှီ က မေးစေ့ကို ကိုင်ကာ မော့လိုက်ပြီး သူမရဲ့ မျက်လုံးတွေက ရွှန်းလဲ့လဲ့ ဖြင့်
''ဟန်ဆေးစာတွေ ငါ့လက်ထဲမှာ ရှိတယ် လို့ ငါတို့ သတင်းထုတ်လိုက်ရင် ဟန်မိသားစုရဲ့ ဆေး ကို လိုချင်တဲ့သူတွေ က ငါတို့နောက်ကို လိုက်လာလိမ့်မယ်၊ အနက်ရောင်ဝတ်ရုံနဲ့လူတွေလည်း လာမှာ သေချာတယ်"
YOU ARE READING
Who Rules The World(且试天下)Myanmar Translation
Non-FictionTranslation for Who Rules The World novel ဒီNovelကိုလေE to Mကနေဘာသာပြန်ထားတာမလို့အမှားတော့ပါကောင်းပါနိုင်ပါတယ်နော်။နောက်ပြီးပထမဆုံးဘာသာပြန်ဖူးတာမလို့အရေးအသားကတော့ညံ့ပါတယ်။သည်းခံပြီးဖတ်ပေးဖို့မျှော်လင့်ပါတယ်ရှင့်။ အမှားတွေကိုတော့ တဖြည်းဖြည်း ချင်း န...