"မမ၊ ဟွမ်ချောင် က နောင်တစ်ချိန်မှာ ဧကရာဇ်ဖြစ်လာမှာလား?" ဟန်ပုက ခရီးရှည်လမ်းလျှောက်ပြီးနောက် ပိုင်ဖုန်းရှီ ကို မေးလိုက်သည်။
"ဖြစ်နိုင်ရင် ဖြစ်နိုင်မယ် မဖြစ်နိုင်ရင်လဲ မဖြစ်နိုင်ဘူး'' ပိုင်ဖုန်းရှီ သည် သူမ၏ ခေါင်းကို မော့လိုက်ပြီး တောက်ပသော ကောင်းကင်ကို စွေပြီး မေ့မရနိုင်သော Jizhou မင်းသားလေးအကြောင်း တွေးလိုက်မိသည်။
"ဒါပေမယ့် သူပြောပုံက ဖြစ်နိုင်မယ့်ပုံစံမျိုးနဲ့''ဟန်ပုသည် ကောင်းကင်ကို မော့ကြည့်ကာ ပူပြင်းသော နေရောင်ခြည်ကို ခံနိုင်ရန် မျက်လုံးများကို မှိတ်ထားကာ သူမနောက်သို့ လိုက်သွားခဲ့သည်။
"ပုအာ မင်း မနာလိုနေတာလား?''ပိုင်ဖုန်းရှီ သည် ဟန်ပုကို ငုံ့ကြည့်ကာ အပြုံးဖြင့် ''မင်းသူ့လို ဖြစ်ချင်နေတာလား?''
"မမ၊ ကျွန်တော် သူ့ကို မနာလိုပေမယ့် ကျွန်တော် သူ့လို မဖြစ်ချင်ဘူး'' ဟန်ပုသည် ညစ်ပတ်နေသော မျက်နှာလေးဖြင့်မော့ကြည့်ကာ လေးနက်စွာ ပြန်ပြောသည်။
''ဘာလို့လဲ?'' ပိုင်ဖုန်းရှီ က သူဒီလိုဖြေတာကိုကြားတော့ နည်းနည်းထူးဆန်းသလိုခံစားလိုက်ရသည်။
"အဲ့ဒီလူက...." ဟန်ပု က ဘာပြန်ပြောရမလဲဆိုတာ စိတ်ရှုပ်သွားသလိုပဲ။
ပိုင်ဖုန်းရှီး က သူ့ကို မတိုက်တွန်းဘဲ သူ့ကို ပြုံးရုံသာ ကြည့်နေသည် ။
"ဟုတ် ! " ဟန်ပု က ရုတ်တရက် သူ့လက်ညှိုးကို ကောင်းကင်ကို မြှောက်လိုက်ပြီး"မမ၊ မင်းသား ဟွမ်ချောင် က ကောင်းကင်က နေနဲ့တူတယ် အလင်းရောင်က တောက်ပလွန်းပြီး သူ့ပတ်ဝန်းကျင်က လူတွေအားလုံးကို ဖုံးအုပ်ထားတယ် ပြီးတော့ ကောင်းကင်မှာ သူပဲရှိတယ်''
သူ ပိုင်ဖုန်းရှီ ကို လေးနက်သောအမူအရာဖြင့် လှည့်ကြည့်လိုက်ကာ "ဒီလောက်အမြင့်ကြီးမှာ တစ်ယောက်တည်း ရှိနေရင် အထီးကျန်နေမှာ မဟုတ်ဘူးလား?''
ပိုင်ဖုန်းရှီ သည်ထို စကားကြားသောအခါ အနည်းငယ် ထိတ်လန့်သွားပြီး ဟန်ပု ၏ မျက်လုံးများကို တဖြည်းဖြည်း ပျော့ပျောင်းလာသည်ကို ကြည့်နေသည်။ ခဏအကြာတွင် သူမသည် လက်ဆွဲနှုတ်ဆက်ပြီး သူ့ခေါင်းထိပ်ကို ညင်သာစွာ ပွတ်သပ်ကာ၊" ပုအာ မင်းက အနာဂတ်မှာ Bai Feng Hei Xi ကို သာလွန်တဲ့သူတစ်ယောက် ဖြစ်လာလိမ့်မယ်''
YOU ARE READING
Who Rules The World(且试天下)Myanmar Translation
Non-FictionTranslation for Who Rules The World novel ဒီNovelကိုလေE to Mကနေဘာသာပြန်ထားတာမလို့အမှားတော့ပါကောင်းပါနိုင်ပါတယ်နော်။နောက်ပြီးပထမဆုံးဘာသာပြန်ဖူးတာမလို့အရေးအသားကတော့ညံ့ပါတယ်။သည်းခံပြီးဖတ်ပေးဖို့မျှော်လင့်ပါတယ်ရှင့်။ အမှားတွေကိုတော့ တဖြည်းဖြည်း ချင်း န...