Part-4🏆

3.1K 356 31
                                    

Unicode;

ကျောင်းဆေးပေးခန်းအရောက် ဆရာဝန်ကိုမတွေ့တာကြောင့် ဘယ်ကိုအလေလိုက်နေလဲမသိဘူးဆိုပြီး တွေးလိုက်မိသည်~

ဆေးတွေထားတဲ့စင်ပေါ်မှာရှိတဲ့ ဆေးခြင်းတောင်းတွေထဲကမှ အနာထည့်တဲ့ ဆေးရည်လေးကိုယူ၍ ဂွမ်းဖြင့် Kooရဲ့ ဘယ်ဘက်လက်ရဲ့လက်ညိုးမှရှရာ‌လေးကို ပိုးသေအောင်ဂွမ်းအနည်းငယ်ဖြင့်ဆေးရည်ကိုစွတ်၍ သုတ်ပေးလိုက်သည်~

“စပ်တယ် ဆော့ဂျင်...”

Seokjin;ခဏပဲနော် ပြီးရင်ပျောက်သွားလိမ့်မယ် နာရင်ကိုယ့်လက်ကို ခပ်ကျစ်ကျစ်လေးဆုတ်ကိုင်ထားလိုက်~”

ရှရာမရှိတဲ့ Jungkook ရဲ့ ညာဘက်လက်ကတော့ဆော့ဂျင်ရဲ့ဘယ်လက်တစ်‌ဖက်ကို ကျစ်နေအောင်ဆုတ်ထားမှာ အသေအချာပင်~

“ကဲ ပလာစတာလဲကပ်ပြီးပြီဆိုတော့ရပါပြီ...”

Jungkook;“ကျေးဇူးပါနော် Seokjin
ဒီနေ့တနေ့တည်းနဲ့တင် Seokjin ကိုအလုပ်ပိုစေမိနေပြီ”

Jungkook ဆော့ဂျင်ရဲ့ လက်တစ်ဖက်ကိုအခုထိလွှတ်မပေးသေးဘဲ ယုန်သွားလေးတွေပေါ်သည်အထိ ပြုံးပြပြီးကျေးဇူးတင်စကားပြောလိုက်သည်~သူသိတာပေါ့ သူ့ကမ္ဘာငယ်လေးက သူ့ရဲ့အပြုံးတွေကိုသိပ်ကြွေနေတာ~

Seokjinသိပ်သဘောကျသည်...Kooကပြုံးလိုက်ရင် သိပ်ကိုချစ်ဖို့ကောင်းလွန်းလို့ ဖက်နမ်းချင်လောက်အောင် အထိသူ့ကိုဆွဲဆောင်နိုင်သည်~မိန်းကလေးသာဆို သူချက်ချင်းရည်းစားစကားပြောမိမှာ~Kooကယောင်္ကျားလေးဖြစ်နေတာကြောင့် ညီလေးတစ်ယောက်လိုခင်ဖို့ပဲဆုံးဖြတ်လိုက်သည်~

Seokjin;“ရပါတယ် ကိစ္စမရှိပါဘူး Koo ကလည်းတစိမ်းဆန်တဲ့စကားတွေသိပ်ပြောတာပဲ...”

Jungkook အလွန်ပင်ကျေနပ်မိသည်... သူSeokjinကို ခက်ခက်ခဲခဲလိုက်ခဲ့ရမယ်ထင်ခဲ့တာ သူ့ကမ္ဘာငယ်လေးကအခုဆိုသူ့ကိုအတော်လေးကိုခင်မင်နေပုံကသည်~

ဒါတွေက သူ့ကမ္ဘာငယ်လေးရဲ့ထုံးစံပဲလား?
လူတိုင်းကိုဒီလိုရောပြီး ရည်းစားဖြစ်ရင်တစ်ပတ်မတိုင်ခင်ကျဖျက်ပြီး ထားခဲ့တာများလား
ဟုလည်း သူ့မှာတွေးပူရသေးသည်...ပျော်ပေမယ့် လွတ်လွတ်လပ်လပ်မပျော်နိုင်တဲ့ဘဝ...

𝚆𝚒𝚗𝚗𝚎𝚛 𝙾𝚏 𝙻𝚘𝚟𝚎♡︎(Complete)Where stories live. Discover now