Part-26🏆<Final>

6.7K 353 27
                                    

Unicode;

Seokjin ဆေးရုံရောက်တော့ ကုတင်ပေါ်မှာသူ့ကိုဆူပုတ်ပြီးကြည့်နေတဲ့ Jungkookရယ်...ထိုင်ရက်အိပ်ငိုက်နေတဲ့ Yoongi ရယ်...နှစ်ယောက်ကိုကြည့်ရတာ တော်တော်အဆင်ပြေနေကြပုံရတယ်...

Seokjin;“ Yoongi မင်းပြန်လို့ရပြီ~”

မျက်လုံးနှစ်ဖက်ကိုအနည်းငယ်ပွတ်၍ မျက်မှောင်ကြုံ့ကာ သူ့အနောက်ကို စိုက်ကြည့်နေပြီး အခန်းပတ်လည်ကိုရှာနေပြန်တဲ့ Yoongi~

Yoongi;“Jijiရော...”

Seokjin;"Jiminie ‌အိမ်ပြန်သွားပြီ...သူ့နောက်လိုက်သွားပြီး ငါ့အစားသူ့ကိုအများကြီးချော့ပေးပါ ယွန်းဂီ..."

Yoongi;"မင်းတို့ရန်ဖြစ်ကျပြန်တာလား!"

Seokjin;"မင်းအမြန်ပြန်ပြီး Jiminie အနားနေလိုက်ပါ ငါတောင်းဆိုပါတယ်...Jiminie ကိုတကယ်ချစ်တယ်ဆိုရင် ငါပေးခဲ့တဲ့ဒဏ်ရာတွေသူ့မှာမရှိတော့အောင် မင်းအချစ်တွေနဲ့ကုပေးလိုက်ပါ ယွန်းဂီ...."

Seokjinသိပ်သိတာပေါ့ Jiminie ကို ယွန်းဂီဘယ်လောက်ဝောာင်မှသဘောကျနေလဲဆိုတာ... သူတင်မဟုတ်ဘူး ကျန်တဲ့ Namjoon, Taehyung နဲ့ Hoseok တို့လည်းအသိဆုံး..ကိုယ်ရဲ့ အတ္တတစ်ခုနဲ့ Jungkookကိုနိုင်ချင်တဲ့စိတ်နဲ့ရော ရောပြီး Jiminieနဲ့စေ့စပ်ပွဲလုပ်ခဲ့မိတုန်းကဆို သူ Yoongi ကိုစိတ်ထဲကနေဘယ်လောက်တောင်မှအားနာခဲ့လည်းသူသာအသိဆုံး~

ပြေးထွက်သွားတဲ့ Yoongi‌ ကြောင့် Seokjinအနည်းငယ်ပြုံးမိသွားသည်~

ကုတင်ပေါ်ကတစ်ယောက်ကိုကြည့်လိုက်တော့ သူ့ကိုမီးဝင်းဝင်းတောက်နေတဲ့မျက်လုံးတွေနဲ့ကြည့်‌ နေလိုက်တာများ အဲ့တစ်ယောက်နဂါးသာဆို သူပြာကျနေလောက်ပြီ~

Seokjin;"အင်းမ်း တစ်နေ့လောက် ဟိုနားဒီနားလျှောက်သွားမိပါတယ် ညှောင်းညာနေတော့တာပါပဲ!"

𝚆𝚒𝚗𝚗𝚎𝚛 𝙾𝚏 𝙻𝚘𝚟𝚎♡︎(Complete)Where stories live. Discover now