Part-9🏆

3.3K 355 21
                                    

Unicode;

ကျောင်းမှာစိတ်ရှုပ်လို့အိမ်ပြန်လာခါမှ ကိုယ့်သေတွင်းကိုယ်တူးမိသလိုဖြစ်နေပြီ~

Seokjin's Omma;“သားထိုင်လေ မတ်တပ်ကြီးရပ်ပြီးဘာကြောင်ကြည့်နေတာလဲ?”

Seokjin လည်း Omma ဘေးကထိုင်ခုံမှာထိုင်၍ အခြေအနေကိုအကဲခတ်နေလိုက်သည်~

“ကျွန်တော်တို့စေ့စပ်စွဲကိုဘယ်နေ့လောက်လုပ်ကြမလဲ?”

Seokjin;“စေ့စပ်ပွဲ ဘယ်သူ့စေ့စပ်ပွဲလဲ!”

Seokjin's Omma;“သားလေးရဲ့စေ့စပ်ပွဲပေါ့ဒီကလေးနှယ်တော့”

Seokjin;“ကျွန်တော်‌ကဘယ်သူနဲ့စေ့စပ်ရမှာလဲ?ကျွန်တော့်လည်းဘာမှမပြောကြဘူး ဘာတွေဖြစ်ကုန်တာလဲ!?”

Seokjin's Appa;“မင်းကိုငါပြောပြီးပြီတော့လုပ်လိုက် Kim Seokjin!”

Seokjin;“အဲ့တာက ဒီတိုင်းနှိုင်းပြောတာမလား ကြာနေပြီလေ မဖြစ်နိုင်တာ!”

“အခုဖြစ်‌လို့ စေ့စပ်ပွဲရက်တောင်ရွေးနေတာကိုBabeကလည်း သိပ်ရစ်တာပဲ...!!”

Seokjin;“Park Jimin အထိုးမခံချင်ရင်ပါးစပ်ပိတ်ထား!”

Seokjin's Omma;“ဘယ်လိုပြောလိုက်လဲ Jiminieမိဘတွေကိုအားနာစရာကြီးသားရယ်”

Mrs Park;“ရပါတယ် Unnieရယ် ဆော့ဂျင်လေးကဒီလိုပဲပြောနေကြကို ဒီဘက်ကသားကလည်းအစ‌အနောက်ကသန်တာကိုး”

Seokjin;“Jimin မင်းနဲ့ငါနဲ့စကားပြောဖို့လိုပြီ ငါ့နောက်လိုက်ခဲ့!”

Jimin;“အခန်းထဲကိုလား ကိုယ်ကြောက်တတ်တယ်နော် ပြီးတော့မစောလွန်းဘူးလား?”

အဲ့တာသာကြည့်မိဘတွေရှိလည်းဒီကောင့်နှုတ်ကပေါက်ကရပြောတာ မိဘတွေကြည့်လိုက်တော့လည်း တဟားဟားနဲ့ပွဲတောင်ကျနေလိုက်သေး~ကျွန်တော့်တို့ရန်ဖြစ်လိုက်ငြင်းလိုက်ခုန်လိုက် စကားနာထိုးတာတွေက မိဘတွေအတွက် ဟာသကားတစ်ခုလို့ကိုဖြစ်နေတာ‌ နေပါအုံးဒီပုစိလေးကအခုသူ့ကိုယ်သူ ကိုယ်လို့သုံးနေတာလား~

Seokjinစိတ်မရှည်စွာနဲ့ပဲ အိမ်အပြင်ကိုထွက်သွားတော့ Jiminတစ်ယောက်နောက်ကနေ ပြေးလိုက်ရပြန်သည်•••

Jimin;“နေအုံးလေ Babe ကိုယ်တို့စေ့စပ်ဖို့ကိစ္စအဲ့လောက်မလောလည်းရတယ်လေ!”

𝚆𝚒𝚗𝚗𝚎𝚛 𝙾𝚏 𝙻𝚘𝚟𝚎♡︎(Complete)Where stories live. Discover now