Unicode;
Jungkook တစ်ယောက် Min Hyuk ပြလို့ သူလိုက်ရမယ့် Kim Seokjin ဆိုတဲ့လူရဲ့ဓာတ်ပုံကိုကြည့်ရင်း အတော်လေးကိုဆွံ့အသွားခဲ့သည်~
Club မှာတုန်းကမီးအလင်းအရောင်ကြောင့် ထိုလူသားမျက်နှာကိုသည်းသည်းကွဲကွဲမမြင်ခဲ့ရဘူး..အခုထိုလူသားရဲ့ပုံကိုကြည့်လိုက်တော့ အသက်ရှူဖို့တောင်မေ့ရလောက်တဲ့အထိ ဒီလူသားဟာအတော်လေးကိုချောသည်~
ဒီလူသားကိုယ်မှကိုယ် တန်းတန်းစွဲဖြစ်နေအောင် ဘယ်လိုပြုစားရပါ့မလဲ~
Jungkook Club ကပြန်လာပြီးတည်းက တစ်ညလုံး ခေါင်းပေါက်မတတ် အနှီးလူသားလေးကိုယ်မှကိုယ်ဖြစ်ဖို့ကို နည်းမျိုးစုံ စဉ်းစားနေခဲ့သည်~
မနက်မိုးလင်းတာနဲ့ Hair Color ချိန်းဖို့အရင်စတင်ရသည်~Tattooတွေကိုလည်း မိတ်ကပ်နဲ့ဖျက်ဖို့မမေ့လျော့ခဲ့~ ကလေးအထာနဲ့အပီချုပ်တော့မှာမို့ မောင့်ကမ္ဘာငယ်လေး အပြီအပြင်ကြွေဖို့သာပြင်ထားပေတော့~
Jungkookသူကိုယ်တိုင်မသိလိုက်ခင်မှာပင် Seokjin အတွက် Nicknameတောင်ပေးပြီးသွားခဲ့ပြီ~
~~~
Jungkook ကျောင်းဝန်းထဲအရောက် ကျောင်းရဲ့စီနီယာကြီးဖြစ်တဲ့ Min Hyuk ပြောတဲ့လမ်းအတိုင်း လျှောက်လာခဲ့သည်...ကျောင်းမအပ်ဘဲ ကျောင်းတတ်လို့မရတာကြောင့် ကျောင်းအပ်ဖို့သွားခဲ့သည်~
တိုက်တိုက်ဆိုင်ဆိုင်ဘဲ Corridorဟိုဘက်အခြမ်းကနေပြေးလာတာတဲ့ သူအသေအချာကိုမှတ်ထားခဲ့တဲ့ ကမ္ဘာငယ်လေးကို သူလှမ်းမြင်လိုက်ရတာကြောင့် နှုတ်ခမ်းထောင့်စွန်းလေးတွေတောင်ကွေးညွှတ်သွားသည်~
ဂျောင်ကုသူ့ရဲ့ခြေလှမ်းကြဲကြဲတွေနဲ့အမြန်ပြေးရင်း ကမ္ဘာငယ်လေးနဲ့ ဆုံမယ့်ထောင့်ကြိုးမှာ တမင်သက်သက် ဝင်မတိုက်တိုက်အောင်ဖန်လိုက်သည်~
သူ့ကိုဝင်တိုက်ပြီး သူ့ကိုတစ်ချက်ပဲကြည့်၍ သူ့ရဲ့စာအုပ်အသစ်တွေကိုကောက်ပေးပြီးပြန်ထွက်သွားတဲ့ ကမ္ဘာငယ်လေးကြောင့် မူယာမာယာတွေထုတ်သုံးရပြန်သည်~
Jungkook;“ကျေးဇူးတင်ပါတယ်~”
Seokjinနောက်ကိုတစ်ချက်လှည့်ကြည့်လိုက်တော့ မြင်လိုက်ရတဲ့ကောင်လေးမျက်နှာလေးကြောင့် လူကပြုံးမိသွားသည်~