Part-6 🏆

3.1K 346 20
                                    

Unicode;

Seokjin;"Koo လက်ကရောင်နေသလိုပဲနော်..!"

Jungkook မနေ့ညတုန်းက Seokjin ကိုဝင်တိုက်ခဲ့တဲ့ကောင်ကို လက်သီးစာ တမုန်းကျွေးခဲ့တာ သူတောင်လက်ဆစ်တွေဒီလောက်နာနေနင်ရင် ဟိုကောင်တော့မ တွေးရဲစရာပဲ...

Seokjin;"Koo ဘာဖြစ်တာလဲလို့...."

Jungkook;"ဘာမှမဖြစ်ပါဘူး ကျွန်တော်တံခါးဘောင်နဲ့တိုက်မိထားတာ"

Seokjin;"ဆေးရော လိမ်းသေးလား ဟင်?"

Jungkook;"အင်းလိမ်းလာတယ်စိတ်မပူနဲ့"

မောင့်ကမ္ဘာငယ်လေးကို မောင့်အပိုင်ဖြစ်စေချင်ပြီ ချစ်သူ/ရည်းစားဆိုတဲ့ သော့ခလောက်လေးနဲ့ပိတ်ဖို့မောင် အရဲစွန့်ပြီးပြောလိုက်တော့မယ်~ဟုတ်တယ် သူဒီနေ့ပဲအဆင့်တက်ဖို့ပြင်တင်တော့မယ်...

အခုသူတို့နှစ်ယောက် ထိုင်နေတဲ့နေရာက Canteenမှာဖြစ်နေတာကြောင့် တခြားတစ်နေရာသွားဖို့ဆုံးဖြတ်လိုက်သည်~

Jungkook;"Seokjin..."

Seokjin;"ပြောလေ Koo"

Jungkook;"ဟန်မြစ်ကိုသွားကြရအောင်"

"ဟန်မြစ်ကို ဘာလို့လဲ!?"

Jungkook;"ပြောစရာလေးလည်းရှိလို့ ဒီမှာလည်းမပြောချင်ဘူးရယ်~"

"အင်း ကောင်းပြီလေ ကိုယ့်ကားနဲ့အတူတူသွားကြတာပေါ့ ဖြစ်တယ်မလား.."

Jungkook;"ဟုတ်"

~~~

ဆော့ဂျင်တို့ဟန်မြစ်ကိုလာတဲ့အချိန်ဟာ နေ့လည်ခင်းဖြစ်တာကြောင့် လူအနည်းငယ်ရှင်းနေသည်~

အဖြူ‌ရောင်ပြိုင်ကားလှလှလေးပေါ်ကနေ နှစ်ယောက်သားဆင်း၍ ဟန်မြစ်ကြီးဆီလျှောက်လှမ်းလာခဲ့သည်~

တစ်ချက်တစ်ချက် တိုက်ခတ်လာတဲ့ လေပြေလေအေးလေးတွေကြောင့် ဆော့ဂျင်တစ်ယောက်လက်နှစ်ဖက်ကို ဆန့်တမ်းပြီး လေပြေလေညှင်းလေးတွေကို ရှူရှိုက်နေလိုက်သည်~

မလှမ်းမကမ်းက‌နေကြည့်နေတဲ့ ဂျောင်ကုအပြုံးတွေကလည်းသိပ်ကိုလှပနေသလို ဂျောင်ကုသည်လည်း ဟန်မြစ်ထက်မောင့်ကမ္ဘာငယ်လေးဆီကိုသာမျက်လုံးဝိုင်းတွေ တိမ်းညွှတ်နေခဲ့သည်~

𝚆𝚒𝚗𝚗𝚎𝚛 𝙾𝚏 𝙻𝚘𝚟𝚎♡︎(Complete)Where stories live. Discover now