Unicode;
Jungkook ဒီနေ့ သူ့ကမ္ဘာငယ်လေးကိုတောင်းပန်ဖို့ဆိုပြီး ကျောင်းကိုအစောကြီးရောက်နေခဲ့တယ်~
မောင့်ကမ္ဘာငယ်လေးကို တစ်ကျောင်းလုံးရှာတာမတွေ့တာကြောင့် အိမ်လိုက်သွားဖို့ ဆုံးဖြတ်လိုက်၍ လမ်းလျှောက်လာတုန်းမြင်လိုက်ရတဲ့မြင်ကွင်းက နှလုံးတည့်တည့်ကိုဓားနဲ့မွှန်းနေသလားမှတ်ရတယ်
ကျင်စူးသွားတာပဲ!မောင့်ကမ္ဘာငယ်နဲ့ကောင်မလေးတစ်ယောက်~
နှစ်ယောက်လုံးပုံစံကလည်းအရမ်းရင်းနှီးနေတာကြောင့် မောင်ဘယ်လိုကနေဘယ်လို မောင့်ကမ္ဘာငယ်အနားကိုရောက်သွားမှန်းမသိ စိတ်ကတိုလွန်းလို့ တစ်ရှူးရှူးတစ်ရှဲရှဲ ဖြစ်နေပြီ~
မောင့်ကမ္ဘာငယ်လက်ကိုတစ်ခါတည်း စောင့်ဆွဲပြီးခေါ်လာလိုက်တော့ရုန်းရင်းဆန်ခက်လိုက်လာတဲ့မောင့်ကမ္ဘာငယ်....
တောင်းပန်ဖို့စကားဟာရုပ်ချည်းဆိုသလိုပျောက်သွားပြီး ဒီလူသားကိုကိုယ်ကလွဲ၍ ဘယ်သူနဲ့မှခြေမရှုပ်ရဲအောင် ပြောလိုက်တဲ့အချိန် ပြန်ကြားရတဲ့စကားတွေကြောင့် မောင့်ကမ္ဘာငယ်ရဲ့ ပြောနေတဲ့ နှုတ်ခမ်းဖူးဖူးလေးကို မောင်အငမ်းမရဆွဲစုတ်ပြီး နမ်းပစ်လိုက်သည်~
“အဲ့တာမောင် မင်းကိုအပြစ်ပေးတာ!!!”
နှစ်ယောက်လုံးအသက်ရှူသံတွေမူမမှန်တော့တာကြောင့် မောင့်ကမ္ဘာငယ်လေးနှုတ်ခမ်းကိုလွှတ်ပေးလိုက်တော့ ပြန်ရလိုက်တာက လက်သီးတစ်ချက်~
Seokjin သူရဲ့လက်တွေကိုချုပ်ကိုင်ထားတဲ့ Jungkook လက်တွေလွှတ်သွားတဲ့အချိန် Jungkook မျက်နှာကိုတစ်ချက်ထိုးလိုက်သည်~
ခွပ်!!
Jungkook;“နာတယ်နော်!!! မောင့်ကိုဘယ်ကောင်မှဒါမျိုးလုပ်ရဲတာမဟုတ်ဘူး!”
Seokjin;“ငါထိုးလို့နာတယ်ဆို နောက်တစ်ခါ ငါ့ဇယားတည်းမင်းလာရှုပ်နဲ့ ကိုယ့်အကန့်နဲ့ကိုယ်နေ!”
သူတစ်ပြန်ကိုယ်တစ်ပြန်အော်လိုက်ဟစ်လိုက်နဲ့ စကားအချေအတင်ဖြစ်နေကြတဲ့သူတို့နှစ်ယောက် တစ်ချိန်ကသိပ်ချစ်ခဲ့ကြတယ့်ချစ်သူတွေဆိုတာကို ယုံကြပါ့မလား~
YOU ARE READING
𝚆𝚒𝚗𝚗𝚎𝚛 𝙾𝚏 𝙻𝚘𝚟𝚎♡︎(Complete)
Fanfictionငါတို့နှစ်ယောက်ရဲ့ပြိုင်ပွဲမှာအနိုင်ရသူကငါပဲ...🏆