Unicode;
Jungkook;"ကောင်းကောင်းကျွေးနေတုန်းစားလိုက်နော် Kim Seokjin!! မောင်စကားအပိုမပြောဘူး..."
Seokjin မျက်နှာလေးဟာ Jungkook အပြောကြောင့် ဟိုဘက်ကိုတောင်လှည့်သွားသေးသည်...သူမစားဘူးပေါ့ပုံစံဖြင့်~
Jungkook;"ကလေးငယ်ငယ်လေးတွေလို မောင် မောင့်ကမ္ဘာငယ်ကိုဝါးကျွေးမှစားမယ်ဆိုရင်လည်း မင်းအဲ့တိုင်းပဲမောင့်ဘက်ကိုမျက်နှာမလှည့်ပဲနေ..မောင်မင်းလေး မျက်နှာမူရာဘက်ကိုလာပြီး ဝါးကျွေးမယ်..."
ထိုအခါမှကမ္ဘာငယ်အဆိုးလေးဟာ မောင့်လက်ထဲက ထမင်းထည့်ထားတဲ့ချိုင့်ကိုဆွဲလုပြီး ထမင်းတွေကို နှုတ်ခမ်းလှလှထဲ သွတ်သွင်းနေလေတော့သည်~
Jungkook;"အရံဟင်းလေးတွေလည်းထည့်စားလေ~
ကျောက်ပုစွန်ကြိုက်တယ်မလား မောင်အခွံပါခွာပေးထားတယ်...."Seokjin စိတ်ထဲလင်းခနဲ Jungkook ကိုသူစိတ်အနှောင့်အယှက်မျိုးစုံပေးရင် သေချာပေါက်ကိုသူ့ကိုလွှတ်ပေးမှာအမှန်ပင်~
ထွက်ပြေးမယ်ဆိုတာကြီးကသူ့အတွက်မဖြစ်နိုင်ပါ အခုသူရောက်နေတဲ့နေရာက တစ်ချက်တစ်ချက် လှိုင်းသံတွေတော့ကြားရသည်~ဒါပေမယ့် ဘယ်နေရာမှန်းသေချာမသိ Jeju မှာပဲလား ဒါမှမဟုတ်ဘယ်မှာလဲ..သေသေချာချာရေရေရာရာ မသိတာကြောင့် ထွက်ပြေးမယ်ဆိုတဲ့ဆိုတဲ့စိတ်အစုံကိုဖျောက်လိုက်ရတော့သည်~
Seokjin တစ်ယောက် Jungkook ပေးလာတဲ့ကျောက်ပုစွန်တွေကို အကုန်သူ့ထမင်းအကန့်ထဲထည့်ပြီးစားလိုက်သည်~ ကျန်တဲ့ဟင်းပွဲတွေကိုလည်းအကုန် သူ့ထမင်းအကန့်တည်း မရမကထည့်ပစ်လိုက်သည်...Seokjinထမင်းထည့်ထားတဲ့ချိုင့်အကန့်ထဲမှာ ဟင်းတွေဆိုတာမို့မောက်နေရော~
Jungkook တောင်ဘာမှမစားရသေးခင်မှာပဲ ချိုင့်အကန့်တိုင်းထဲကဟင်းတွေအကုန် Seokjin ချိုင့်အကန့်ထဲမှာပြည့်မောက်နေလေပြီ~
Jungkook;"မစားချင်လို့ပဲနော် မောင့်ကမ္ဘာငယ်လေးက Eat Jin ပိစိလေး..."
Seokjin ပါးစပ်ကလည်းပလုတ်ပလောင်းဖြင့် စားနေလေသည်~
Seokjin;" Jungkook ငါကအစားအရမ်းကြီးတာမို့ မင်းငါနဲ့ကြာကြာနေရင်မွှဲသွားလိမ့်မယ် မင်းငပ်ရင်လည်းငပ်သွားနိုင်တယ်နော်..."
YOU ARE READING
𝚆𝚒𝚗𝚗𝚎𝚛 𝙾𝚏 𝙻𝚘𝚟𝚎♡︎(Complete)
Fanfictionငါတို့နှစ်ယောက်ရဲ့ပြိုင်ပွဲမှာအနိုင်ရသူကငါပဲ...🏆