"အန်တီ..."မနက် အစောပိုင်းရယ်မို့..အန်တီ့အား...အနှောင့် ယှက် မပေးချင်သော်လည်း..လှမ်းခေါ်လိုက်၏။ ရိပေါ် ဘာဆက်ပြောမလည်း...အန်တီက သိနေပုံ ပြုံးတုန့်တုန့် ။
"မင်း ညီ အပေါ်ထပ်မှာ
ခုထိ အိပ်ရာမထသေးဘူးကွယ်"အိပ်ပုတ်ကြီးတဲ့ ဒီကလေး ကျောင်းပိတ်ရက်ဖြစ်တာကြောင့်..ဘယ်အချိန်ထိ အိပ်မလည်း သူ ခန့်မှန်း မိ ပြီး သား။
စောစောစီးစီး...ချဥ်ချဥ်စပ်စပ်လေး စားချင်တယ်လို့...ပြီးတဲ့ ရက် သူလေး ပြောခဲ့ဖူးတယ်....။
အာလူး snacks တွေ ကြိုက်တတ်ရုံမက...အချဥ်တွေ သူလေး အရမ်းကြိုက်တတ်သေးတာ...။
လက်ထဲ မှ အိတ်အား..လှမ်း ယူလာတဲ့ အန်တီက
"သွားနိုးခဲ့ဦး သား ရိပေါ်"
"အဲ့ကောင်လေး..ခေါင်းတွေကိုက်နေတော့မယ်"
"ဒါတော့..အန်တီ လှယ်ပေးထားပါ့မယ်
ပြီးကျ...နှစ်ယောက်လုံး...ဆင်းလာခဲ့ပေါ့""ဟုတ်ကဲ့"
ကြာကြာမရပ်...အပေါ်ထပ် တတ်ခဲ့လိုက်တော့သည်။ အနီရောင်အပြောက်အပျက် လေးတွေ အလှဆင်ထားတဲ့ အခန်းငယ်ငယ်....က ဗရုတ်သုတ်ခ..။
လက်ကိုင်တံခါးဘုလေးမှာ ယုန်အရုပ် sticker လေး ကပ်ထားပြီး..အပေါ်..ဘက်လေးနား...lion တံဆိပ်လေး..ကပ်ထား သေးတာ..ချစ်စဖွယ်....။
ခြုံစောင်ဖွေးဖွေးကြီးထဲ နစ်နေတာ ဘာလေးလည်း..ပြေးကြည့်စရာမလို။
နေရောင် သဲ့သဲ့နဲ့ ပြတင်းပေါက်လေးဘက် ဖင်လေး လှည့်အိပ်နေတာမို့..ပြေးရိုက်ချင်စိတ်က တားမရ ဆီးမရ..။
၁၉ နှစ်ကောင်လေးတဲ့လား။
ရိပေါ် မျက်လုံးတို့ထဲ ၃ နှစ်သားကလေးတစ်ယောက်နှယ်။
"အပြင်သွားမယ်ဆို"
အင့်!
တစ်ချက်အီပြီး...တစ်ဖက် လှည့်အိပ်သွားပြန်သည်။
ကျောင်းပိတ်ရက် အပြင်လိုက်ပို့ပါဆိုပြီး..တောင်းဆို ခဲ့တဲ့ ဒင်းလေးကြောင့် သူငယ်ချင်း တွေနဲ့ အပြင်လစ်ဖို့ပင် အားနာနာ ငြင်းပစ်ခဲ့ရသည်။
YOU ARE READING
ရင်း....
RomanceI only write yizhan fanfic. So, be careful of reading lists. အချစ်....အမုန်းလား....နားမလည်တတ်စဥ်ကတော့...ကျွန်တော် မသိဘူး လို့ ဖြေခဲ့လိုက်တာပဲ...ဝေးသွားမှ...ကျွန်တော် သိခဲ့တာ... *အချစ်က..ခဗျားရယ်* စွန့်လွှတ်ပေးတာ မဟုတ်ဘူး ရှောင်းကျန့်...မင်းလေး..ကို့...