"အ့"ကုတင်လေးပေါ် မှ နေ လှဲလျှက် သူလေးကား...ကျုံးရုံးထနေလိုက်တာ...အခန်းထဲ ဝင်လာသည့် ရိပေါ် ကို မြင်ဟန်မတူ မျက်နှာလေးကလည်း...မဲ့နေရင်း....။
ကိုယ် ခံစား ရတာ မဟုတ်လည်း...နားလည်သည်။ သူလေး အရမ်း နာကျင်ခဲ့မည်မှန်း....။အနည်းငယ်...လည်ပင်းဟိုက်နေသည့် သူလေးအကျီ အောက်မှာပင်...ကိုယ်ရေးဆွဲခဲ့တဲ့...အနီ...အညို...ခရမ်းရောင်...ဖျော့ဖျော့...အကွက် အချို့ကအစ....။
သွေးခြေဥ နေသည့် နှုတ်ခမ်းပါးပါးလေးကို ကြည့်ရင်း...ညက ကိုယ် အရမ်း ဆိုးမိပြီလားပေါ့....။
နဖူးကြောလေးတွေတောင်...အနည်းငယ်...တွန့်တော့မည်လို...နာကျင်နေသည့် ကလေးငယ်ကို မကြည့်ရက်သည်မို့...လက်ထဲမှ ဆေးခွက်နှင့်...ဆန်ပြုတ်ပန်းကန်လေးကို ခုံပေါ်....တင်ကာ...သူလေးကို...ထူမည့်ဆဲဆဲ။
"ဘာ...ဘာလုပ်မို့လည်း"
အနောက်လေး...နည်းနည်း ရို့ကာ..မျက်ဝန်းလေးတွေမှာ ကြောက်ရွံ့မှု က မကင်းချင်။
စိတ်မကောင်းဖြစ်ရုံမျှ မတတ်နိုင်...နာကျင်ရပေမဲ့..သူလေးရဲ့ လက်မောင်းလေးနှစ်ဖက်မှ ထိန်းကိုင်ကာ...ခေါင်းအုံးလေး ခု...ထိုင်စေလိုက်သည်။
"သက်သာလား"
"နာတယ်"
အကျယ်ကြီး မဟုတ်...ခပ်အစ်အစ် အသံလေးက ရိပေါ် ကြားဖို့ လုံလောက်ခဲ့သည်။
ညက ကိစ္စက နှစ်ဦးသဘောတူပေမဲ့ ကိုယ် ကြမ်းတမ်း မိတာ..ကိုယ် အသိဆုံး....။
"ဆန်ပြုတ်လေးသောက်ရအောင်"
"အဲ့ဒါဆို..မင်းလေးသက်သာလိမ့်မယ်"
"ညာတာမလား"
သူလေး...၃နှစ်သား...မဟုတ်တော့တာ..တခဏ ကိုယ်မေ့သွားသည်။ ၁၉ နှစ်ကောင်လေးကို ကိုယ် ဆေး ညာတိုက် မရနိုင်တော့ဘူးပေါ့လေ.....။
ကိုယ်ပြုံးတော့ သူလေး မျက်နှာလေးက ငိုမဲ့မဲ့။
ရှိုက်ငင်သံလေး...ထွက်မည်စိုးတာမို့...ခေါင်းလေးကို ဖွဖွ ပုတ်တဲ့အခါ...အငိုတိတ်သည့် ကလေးပမာ..သူလေး.....။
"ကို ညက မမူးဘူး"
"မင်းလေး..ကို မူးနေတယ်ထင်မှာစိုးတယ်"
YOU ARE READING
ရင်း....
RomanceI only write yizhan fanfic. So, be careful of reading lists. အချစ်....အမုန်းလား....နားမလည်တတ်စဥ်ကတော့...ကျွန်တော် မသိဘူး လို့ ဖြေခဲ့လိုက်တာပဲ...ဝေးသွားမှ...ကျွန်တော် သိခဲ့တာ... *အချစ်က..ခဗျားရယ်* စွန့်လွှတ်ပေးတာ မဟုတ်ဘူး ရှောင်းကျန့်...မင်းလေး..ကို့...