ရင်း...(၁၈)

635 90 5
                                    


"ကလေးလေး"

စာလုပ်နေရင်း...ခေါ်သံကြားလိုက်ရတာမို့..နောက်သို့ လှည့်ကြည့်လိုက်မိလေမှ မျက်ဝန်းတွေ စုံမှိတ် ပစ်လိုက်သည့် ရှောင်းကျန့်....။

ရေချိုးခန်း တံခါးမှနေ..ပေါ်ကော က ခန္ဓာကိုယ် တစ်ပိုင်းထွက်နေသည်မို့.. ကျစ်လစ်နေသည့် ကိုယ်အပေါ်ပိုင်းက ကြွက်သားတို့ဟာ သူ့နေရာနဲ့သူ အပြိုင်းအရိုင်း။

ရင်အုပ်ကြွက်သားဆိုင်တွေ အာရုံထဲ ပြတ်ပြတ်သားသား မြင်နေခဲ့ရတယ်....။

လည်ပင်းနားက မှဲ့မှနေစ...ရှောင်းကျန့်ထက် ဆပိုကြီးတဲ့ လည်ဇလုပ်အပါအဝင်...လက်မောင်းအိုးတွေရဲ့ သန်မာ ထွားကြိုင်း ကျစ်လစ် မှုတွေရော....။

"ဘာ..ဘာလည်း"

ဒီအချိန်ကျမှ ဘာလို့ စကားတွေ ထစ်နေရတာများလည်း။

အရင်များကဆို...ဒီထက်တောင်....ပေါ်ကောကို ရှောင်းကျန့် မြင်တွေ့ဖူးတာပဲလေ.....။

"ဘာလို့မျက်လုံးကြီးမှိတ်ထားရတာလည်း "

"ဘယ်သူက မှိတ်လို့လည်း"

"ဗြောင်လိမ်တဲ့ ကလေး"

အသံက နိမ့်သွားသော်လည်း ရှောင်းကျန့် ကြား၏။

နှုတ်ခမ်းဆူသွားသလား မသိ မျက်နှာကိုလည်း မော်ထားကာ...ပြန်ကြည့်လိုက်သည်။

"ဘာလည်း"

"အင်း...ကို့ ကို သဘက်လေးယူပေးမလား"

ယူပေးဆိုလည်း..ယူပေးပေါ့။ ယူပေးမလားဆိုတော့ ပေါ်ကော က ဘာကို ဆိုလိုတာလည်း....။

မယူပေးရင်း...ဒီတိုင်း ထွက်လာမှကျ.....။

"ကို ဒီတိုင်း ထွက်လာရမလား"

အတွေးပင် မဆုံးသေး...ခြေထောက်တစ်ဖက်လှမ်းလာတာမို့.ရှောင်းကျန့် ဇက်ကနဲ ထလိုက်မိသည်။

"ပေါ်ကော!"

"ကို သိပါတယ်...သဘက်ယူပေး"

မျက်နှာကဖြင့် စနေသလို ပြောင်စပ်စပ်နဲ့မို့...စိတ်ထဲ ဒေါသက တဖွားဖွား။

ရှူတူတူ စိုက်ကြည့်မိတဲ့ ရှောင်းကျန့်ကို မျက်ခုံးတစ်ဖက်ပင့်ကာ ပေါ်ကော ခြေလှမ်းက ရေချိုးခန်း အပြင် ရောက်လုလု။

ရင်း....Where stories live. Discover now