ရင်း...(၂၀)

787 86 4
                                    


"ဝမ်မားမား ဖုန်းဆက်တယ်"

"မနက်ဖြန် ဖြစ်ဖြစ်..အိမ်ကိုအလည်လာဖို့"

အနောက်မှာ ရောက်နေမှန်း ရှောင်းကျန့်သိတာမို့ ပြောလိုက်ခြင်းဖြစ်၏ ။

အသက်ရှူသံ မျှင်းမျှင်းက လွဲ မကြားရသော်ငြား...ရှောင်းကျန့် ရှေ့မှ မှန်ကတော့ ပေါ်ကောရှိနေသည်ဆိုတာ သက်သေပြနေ၏။

အရေးမစိုက်တော့ပဲ...bathrobe ခါးစည်စလေးကို တစ်ချက်ဖြည်မည် ဆဲဆဲ...အနေရခက်မိပြန်တာမို့...ဗီဒိုထဲမှ အဝတ်ကိုသာ ထုတ်ယူရင်း..ရေချိုးခန်းထဲ ဝင်ဖို့ ပြင်လိုက်မိသည်။

ခြေထောက်တွေက တစ်လှမ်းမှပင် မရွေ့နိုင်သေး..ပခုံးမှ ဆွဲလှည့်ခံရခြင်းနဲ့အတူ...ရှောင်းကျန့် ခန္ဓာကိုယ် သွယ်သွယ်လေးက ပေါ်ကောရင်ခွင်ထဲ...မြှုပ်လျှက်သား...။

လက်ကလေး တွေ ဘယ်နေရာချရမည်မှန်းမသိ..လေထဲ တန်းလန်းလေး ဖြစ်နေရသည်။

"ပေါ်ကော...."

"ကို သိပြီ...မနက်သွားကြတာပေါ့ "

လည်ပင်းထက် ငုံ့ကျလာတဲ့ပေါ်ကောရဲ့ အထိတွေ့ကို ရှောင်းကျန့်...မနေတတ် ဖြစ်ဖို့ အချိန်မရှိသေး....။

ခပ်ချဥ်ချဥ်အနံ့ စူးစူးက နှာခေါင်းဝကို လာကလူနေတဲ့အခါ။

ဒီလူကြီး..ရှောင်းကျန့်ကို တောင် လာမကြိုနိုင်တာ...။

"Sorry ကို နည်းနည်း သောက်ထားတယ်"

"လွှတ်"

ရုန်းထွက်ပစ်လည်းမရ.....။ ရိုက်ပုတ်လည်းမရ.....။

ပထမဆုံးပဲ ။ ပေါ်ကော ဒီလို သောက်လာတတ်တာ။

အရင်ကလည်း...မသောက်ဖူးဘူး မဟုတ်။ ထိုမျှလောက်..အခြေနေဆိုးသည်အထိ...ပေါ်ကော လုပ်တတ်တာ မှ မဟုတ်ပဲ။

"ဟန်ယဲ့ လာပို့သွားတာလား"

ဘာလည်း...။ ပေါ်ကော သောက်လာတာ ရှောင်းကျန့်ပယောဂကြောင့်တဲ့လား။

စိတ်တိုတိုနဲ့...ရင်ဘက်ကျယ်ကြီးကို တဘုန်းဘုန်း ထုပစ်လိုက်သည်။

ရွှယ်ယမ် လာပို့တာလည်း...အမြင်ကပ်ပုဒ်မနဲ့ ရှောင်းကျန့် မပြောချင်မိတော့.....။

ရင်း....Donde viven las historias. Descúbrelo ahora