ရင်း...(၂၂)

703 83 2
                                    


"အစောကြီး နိုးနေတာလား"

နောက်မှနေ... ခပ်သဲ့သဲ့ ထွက်လာသည့် ပေါ်ကောအသံကြောင့် ရှောင်းကျန့် လုပ်လက်စလေး ရပ်တန့်သွားရသည်။

၆နာရီကတည်းမှ နိုးလာတဲ့ရှောင်းကျန့်...မီးဖိုခန်း ထဲ ဝင်ကာ..စားဖို့ ပြင်နေမိတယ်။ ဘယ်သူ့အတွက်မှ မဟုတ် ပေါ်ကော ဖို့လည်း...မဟုတ်ပဲ...ရှောင်းကျန့်...စားချင်စိတ်ကလေးပေါ်လာလို့။

ပေါ်ကော ကို နှိုးပြီး..ပြင်ခိုင်းချင်ပေမဲ့....လက်သူကြွယ် မှ လက်စွပ် ကလေးအား...မြင်တိုင်း..ရှိန်ရတယ်။

မျက်နှာချင်း ဆိုင်ဖို့ပင်...တွန့်ဆုတ်နေမိတာ။

"ကို့ကို ပြောရောပေါ့"

"ပေါင်မုန့်မီးကင်စားချင်တာလား"

စက်ထဲမှ ရှိဆဲ ပေါင်မုန့်လေးက အနီရောင်ပင်...ပြေးနေလေပြီ။ ခါးသက်ကာ....စားလို့ရမည်မဟုတ်...တွေးမိတော့...လူက ငိုချင်သလိုလို.....။

အစားလေးတစ်လုပ်နဲ့လည်း..စိတ်ကသိကအောင့် ဖြစ်ရပြန်ပါတယ် ။

"ဟာ...ကို လုပ်ပေးမယ်လေ ကလေး"

"စားချင်တာမလား...ထိုင်စောင့်နေ...သွား"

"ဟင့်အင်း...ကျွန်တော့်ဟာ...ရှောင်းကျန့်ဟာ"

ရှပ်အကြီးကြီးထဲ မြုပ်နေသည့် လက်ကလေးတစ်ဖက်ထွက်ကာ...လှမ်းယူလိုက်မိသေးသည်။

"ခါးတယ်"

"ကျစ်...ဒီလောက် မည်းနေပြီလေကွာ"

ပေါ်ကော ပယောဂ နဲ့ ဘေစင်ထဲ မရှုမလှ ပြုတ်ကျသွားသည့် ပေါင်မုန့်လေးကို နှမြောတသ သာ..ကြည့်ရသည့်အဖြစ်....။

"မထိုင်ချင်လည်း.. ဒီမှာပဲနေ
ကို ခု လုပ်ပေးမယ်"

အထွန့်မတတ်မိ...နံဘေးမှာ ပဲ..ငြိမ်ငြိမ်လေး ရပ်ကြည့်နေမိသည်....။

ပေါ်ကော လုပ်တော့လည်း...ဘာပြဿနာမှ မရှိ...အားလုံးက အဆင်ပြေပြေ....။ စားချင်စားဖွယ်လေး ဖြစ်လာသည့် ပေါင်မုန့်...ချပ်လေးကို ကြည့်ရင်း...နှုတ်ခမ်းသပ်မိတော့...ပေါ်ကော ပြုံးသည်....။

ရှက်မိပြီး...အကျီ အနားသားလေးကို အာရုံစိုက်မိ​တော့သည်။

"ဘာလို့"

ရင်း....Donde viven las historias. Descúbrelo ahora