ရင်း...(၇)

633 97 29
                                    


"အကိုဝင်ခဲ့မယ် နော်"

တစ်စုံတစ်ရာ အထဲမှ အသံပြန်မလာပေမဲ့...တံခါးအား..ခပ်ဖြေးဖြေး ဆွဲဖွင့်ပြီးနောက်...လက်ပြန်ပိတ်ကာ...အခန်းအတွင်း ဝင်ခဲ့လိုက်၏။

နံရံ ပတ်ပတ်လည်လည် ဓာတ်ပုံတွေဆိုတာ....ပြည့်နေလောက်အောင် မနည်း....။

နှစ်ဦးသဘောတူ ရိုက်ယူထားတယ်ဆိုလျှင် မှားနေလိုက်မ ည်။ တစ်ဖက်သတ်ဆန်ဆန် ခိုးယူ ရိုက်ထားတယ်လို့...ခပ်ရင့်ရင့် ပြောရမှာလည်း...ဟန်ယဲ့ အားနာမိပြန်တယ်....။

အားကစား လုပ်နေသည့် ပုံကား....တစ်ယောက်တည်း...မဟုတ်....နှစ်ယောက် ဖြစ်ပေမဲ့.. မှင်နီတွေနဲ့....ဖျက်စီးထားလေပြီး....။

စာသင်နေသည့်ပုံ...ထမင်းစားနေသည့် ပုံတွေဆိုတာ...မရေတွက်နိုင်လေအောင် ။ ကျောင်းဝတ်စုံ နဲ့ မဟုတ်..အပြင်..အဝတ်စားတွေနဲ့ပါ...သွားသွားလာလာ ပုံတွေ က အများ အပြား.....။

အမြဲ ခပ်တည်တည် နေတတ်တဲ့သူ....အခြား တစ်ဖက်မှ အရိပ်ငယ်လေးပါလျှင် သူမတူတဲ့ အပြုံးတွေနှင့်...။

"သူ့ကို အဲ့လောက်တောင် ကြိုက်တာလား"

"အင်း...အရမ်းသဘောကျတယ်"

ဒါက လိုချင်တပ်မက်မှု သက်သက် များလား။

အသာပြုံးရင်း....ဆံပင်လေး ဖွဖွ ပုတ်ပေးမိသည်။

လက်ထဲမှ ကိုင်ထားဆဲ ဓာတ်ပုံလေးကို...ဆွဲယူ..ခုံလေးပေါ် တင်လိုက်မိတော့.....ပြန်ယူ လိုက်သည့် ကောင်လေး.....။

"ဆေးသောက်ရအောင်....စစ်လေး"

"ဟင့်အင်း...မသောက်ချင်ဘူး"

အမြဲ ငြင်းနေကျပါပဲ....။ ချော့တလှည့် မော့တစ်လှည့် ကိုယ် တိုက်ခဲ့တာ.....ဘယ်နှစ်နှစ်တောင်မို့လည်း....။

"စစ်လေးက နေမကောင်းသေးဘူးလေ"

"ကျွန်တော်နေကောင်းနေပြီ....အကိုဟန်"

"ပြောတော့...သူ့ကို သွားတွေ့ချင်တယ်ဆို
အဲ့ဒါ..စစ်လေးက နေကောင်းမှ သူ့ဆီ သွားလို့ရမှာပေါ့"

စဥ်းစားနေဟန် ပုံရိပ်ငယ်လေး...အား...ကြည့်ရင်း...ကျဆင်းသွားတဲ့...မျက်ရည်စက်က...ဦးတည်ရာ မဲ့လျှက်။

ရင်း....Where stories live. Discover now