"နာတယ်...."ခပ်တင်းတင်း ထွက်လာသည့် စကား သံလေးမှာ..သနားစိတ်နှင့် လွှတ်ပေးချင်သော်လည်း...ထွက်ပြေးမည့်အရေး..ကြိုတွေးကာ...ပိုမိုသာ တင်းကိုင်ပစ်လိုက်ရင်း....။
"ညက"
"ကျွန်တော် မသိဘူး"
"ရှောင်းကျန့်....ငါ"
"ကျွန်တော့်ကိုလွှတ်"
လူခြေပျက်သည့် အနောက်ဘက် ကျောင်းဆောင်ထောင့်လေး နားမှာမို့ ရိပေါ်စိတ်တွေ ရဲ နေသလား မပြောမိ။
ငြင်းနေတဲ့ ဒီကလေးအား...ရင်ခွင်နဲ့ ညှပ်စေကာ အတင်းသာ လုပ်မိပြန်သည်။
မျက်ဝန်းဝိုင်းလေးတွေ အရည်တွေ လက်လို့လာတာ ကိုယ်သတိထားမိလိုက်၏။
ချုပ်ကိုင်ထားတဲ့ ရိပေါ် လက်တွေ ဖြေလျော့သွားစေတဲ့ တရားခံ။
ပါးပြင်ကြည်ကြည်လေးထက် ခုန်ပေါက် ဆင်းလာတဲ့ မျက်ရည်တစ်စနောက်..နှလုံးသားက အစိတ်စိတ် ကိုဖြင့်လို့။
"တောင်းပန်ပါတယ်"
"တောင်းပန်ပါတယ် ရှောင်းကျန့်"
"မပြောနဲ့..ညက အဲ့ညက"
နာကျင်စွာ ငိုရှိုက်နေတဲ့ သူလေး ပခုံးပြင်လေးက..တင်းထားသော်ငြား....လှုပ်ခတ်လို့နေလျှက်....။
အဆုံးစွန်ထိ ရိပေါ် လုပ်မိတာ မဟုတ်သော်လည်း ကလေးငယ်ကတော့ ကြောက်ရွံ့ ထိတ်လန့်နေမှာ အသေအချာ။
အညိုရောင်ပင် ပြောင်းချင်နေသည့် လည်ပင်းလေးထက် လက်ဖြင့် ဖွဖွ ထိမိချိန် တုန်တတ်သွားတဲ့ ကလေး....။
နားလေးဆိုတာ ရဲ ရဲ ကို နီလို့....။
"ငါမှားသွားတယ် ရှောင်းကျန့်"
"ဟင့်"
ပခုံးလေးမှ ဖွဖွ ထွေး....ဖက်လိုက်မိသည်။ စိတ်တွေ လျော့သွားတဲ့ ကလေးငယ်တစ်ယောက် က ရှိုက်သံလေး ထွက်လာတာမို့..သက်ပျင်းအသာ ချလိုက်မိသည်။
နောက်မဖြစ်စေရဘူးလို့ ပြောရမှာ ဝန်လေးနေမိသလို အရက်မူးလာလို့ပါ ဆိုပြီး ပြောရမှာလည်း..တာဝန်မဲ့ သူ မဖြစ်ချင်ပြန်။
YOU ARE READING
ရင်း....
RomanceI only write yizhan fanfic. So, be careful of reading lists. အချစ်....အမုန်းလား....နားမလည်တတ်စဥ်ကတော့...ကျွန်တော် မသိဘူး လို့ ဖြေခဲ့လိုက်တာပဲ...ဝေးသွားမှ...ကျွန်တော် သိခဲ့တာ... *အချစ်က..ခဗျားရယ်* စွန့်လွှတ်ပေးတာ မဟုတ်ဘူး ရှောင်းကျန့်...မင်းလေး..ကို့...