ရင်း...(၁၂)

597 85 10
                                    


"ရှောင်းကျန့်က ကျွန်တော့်အိမ်မှာ"

အနည်းငယ်...မပီပြင်လေပြီး...မဝံ့ရဲ ထွက်လာတဲ့ အသံကြောင့် ကျိရန် စာဖတ်နေရင်းမှ မော့ကြည့်လိုက်မိသည်။

ခပ်တည်တည် မျက်နှာထားကား..ပထမနှစ် ကျောင်းသား အချင်းချင်း ရှိန်စေလောက်သော်လည်း...ကျိရန် သိနေခဲ့တယ်....။

လွယ်အိတ် အား တင်းစုတ်ထားတဲ့ လက်ချောင်းတို့ ကတင်းကျပ်ကာ.....။

ဒီကောင်လေး သူ့ကို စကားပြောဖို့ ခက်ခဲ နေသလို ပြောစရာမရှိ ပဲ ကြံဖန် ပြောနေတာလည်း ဖြစ်နိုင်သည်။

"ကိုယ်သိတယ်"

မထူမပါး နှုတ်ခမ်းက စေ့ပိတ်သွားခဲ့ ပြီး...မယောင်မလည် တစ်ယောက်တည်း ထိုင်နေသည့် ကျိရန်အနား တိုးကပ် ထိုင်လျှင်....။

"ဘာတွေ ဖြစ်လာတာလည်း ကျွန်တော် မေးမရဘူး"

"မင်း သူတို့အကြောင်း မသိရသေးဘူးလား ရွှယ်ယမ်"

"အရင်ကဆို သူ ကျွန်တော့်ကို ပြောပြတတ်ပါတယ်"

ဘာလို့ လက်မခံသလည်း ကျိရန် အတိအကျ မသိရသော်ငြား..ချက်ချင်းကြီး ယောကျာ်းတစ်ယောက်နဲ့ အိမ်ထောင်ပြုရမယ် ဆိုတာက အားကျန့်အပေါ် ထိတ်လန့်သွားစေပါလိမ့်မယ်။

ပြီးတော့...ဒါကလည်း ငယ်စဥ်ကတည်း ပေါ်ကော ဆိုပြီး..ချွဲခဲ့တဲ့ လူတစ်ယောက်အပေါ်။

ချစ် တာ မချစ်တာ တွေ အပထား...ရုတ်တရပ် ဖြစ်လာတဲ့ ကိစ္စရပ်ကြီးကတော့...ကျိရန်လည်း နားလည်သလိုလိုပါ။

နောက်...အားကျန့်ဆိုတာ ခုချိန်ထိ ကလေးတစ်ယောက်လို နေထိုင်တတ်နေတုန်း....။

ရည်းစားတွေ မှိုလိုပေါက်...မိန်းမလှတွေ အများသားနဲ့ လျှောက်တွဲနေလည်း...ထိုကလေးငယ် စိတ်ထဲမပါတာ အားလုံးသိသည်။

တစ်ကြိမ်တစ်ခါ များဆို..မနမ်းတတ်သေးတဲ့ ကလေးသာသာ ကောင်လေးတစ်ယောက်ဆိုကာ ဖြတ်သွားကြသည့် ကောင်မလေး တွေလည်း ရှိခဲ့ဖူး၏။

"ဒီလ အကုန်ပဲ ရိပေါ်နဲ့ ရှောင်းကျန့်ရဲ့ မဂ်လာပွဲ ရှိတယ်"

"ဗျာ!"

ရင်း....Donde viven las historias. Descúbrelo ahora