ရူတိုငါဒီမှာ...
အသားဖြူဖြူအရပ်ရှည်ရှည်ခန္ဓာကိုယ်နဲ့
လိုက်ဖက်စွာအပြာရောင်ရှပ်အင်္ကျီအရှည်လေးကို
ပုဆိုးလေးနဲ့တွဲလို့ဝတ်ဆင်ထားတဲ့ကောင်လေး..လူတွေကြားထဲကသူ့ကိုတောင်ကြည့်
မြောက်ကြည့်နဲ့လိုက်ရှာနေရှာတာ..သူခေါ်လိုက်မှတွေ့သွားပုံပါပဲပုခုံးကနေလျှော
ကျတော့မယ့်သူ့ကျောင်းလွယ်အိတ်လေးကိုတစ်
ချက်မတင်ပီးသူ့ဆီအပြေးလေးလာခဲ့လေရဲ့.ဖြေးဖြေးလာပါရူတိုရယ်ငါဘယ်မှထွက်မပြေးပါဘူး
ခင်ဗျားလေးအကြာကြီးစောင့်လိုက်ရလား
ကျွန်တော့်ကို...မကြာပါဘူးငါလဲခုနကမှရောက်တာ...
ဒီနေ့ကျမှမေမေ့ကိုဆိုင်ခင်းကူနေရလို့နောက်ကျသွားတာ...
အင်း...အာ့ဆိုသွားမယ်လေ...
ကျွန်တော့်ကိုစာအုပ်တွေပေးခင်ဗျားလေးလေးနေမှာစိုးလို့...
...
သူဒီနေ့စာကြည့်တိုက်မှာစာလုပ်မယ်လို့ပြော
လိုက်တော့ကောင်ဆိုးလေးကသူနဲ့တူတူစာလုပ်
ချင်လို့တဲ့လေ..သူနားမလည်တဲ့စာပိုဒ်တွေဘာသာ
ပြန်ပေးပါတဲ့တောင်းဆိုလာတယ်...သူနားမရရအောင်ကပ်နေတာကိုသူမသိဘူးများ
ထင်နေလားမသိ...ခင်လာတဲ့တစ်လအတွင်းမှာသိခဲ့ရတာကတော့ရူတိုကတကယ်ကိုဖော်ရွေတဲ့
ကောင်လေးပေါင်းသင်းဆက်ဆံရေးလဲအရမ်း
ကောင်းတယ်အဲ့တာကြောင့်လဲဆရာမတွေချစ်ကြတာပေါ့အလုပ်များလှတဲ့အတန်းခေါင်းဆောင်အဆိုးလေးကသူဘယ်လောက်ပဲအလုပ်ရှုပ်ရှုပ်သူ့ကိုတော့အမြဲအချိန်ပေးတတ်ပါတယ်
တခါတလေသူအတန်းချိန်မရှိတော့လို့ဘာလုပ်ရမ
မှန်းမသိတဲ့အခါမှာလဲသူ့ကိုလာပီးအဖော်လုပ်ပေး
တတ်ပါသေးတယ်အဆိုး
လေးကတခါတလေသူ့ကိုကလေးတစ်ယောက်လိုလဲချွဲတတ်ပီးသူဝမ်းနည်းနေတဲ့အခါမှာလဲရင်ခွင်ထဲ
ထည့်လို့နှစ်သိမ့်ပေးတတ်ပါတယ်....ဒီလိုမျိုးကိုယ့်အပေါ်ကိုနွေးထွေးဂရုစိုက်တတ်လွန်းတဲ့သူတစ်ယောက်ကိုသံယောဇဉ်မတွယ်မိဘူးဆိုတာ
လုံးဝမဖြစ်နိူင်ဘူးမလား...ရင်းနှီးလာတာတစ်ဖြည်းဖြည်းနဲ့ကြာလာပီဖြစ်တဲ့သူတို့နှစ်ဦးကြားကနွေးထွေးလှတဲ့အဖြူရောင်သံယောဇဉ်လေးကို
အရောင်ဆိုးချင်နေတာကသူ...ဘယ်သူမဆို
ကိုယ့်အပေါ်ဒီလောက်ဂရုစိုက်ပေးတဲ့သူကိုသဘောကျတတ်ကြတာပဲလေ.....