အပိုင်း(၉)

99 16 4
                                    

ဗျာ..."

သားကိုဘာလို့ဒီကိစ္စမတိုင်ပင်ရတာလဲမာမီ..

ဘယ်လိုပဲဖြစ်ဖြစ်ငါ့သားလေးလက်ခံမှာဆိုတာမာမီသိနေလို့ပေါ့...ဟုတ်တယ်မလား

တစ်ခါတလေမှဆုံဖြစ်သောသူတို့အိမ်ရဲ့ထမင်းဝိုင်းတွင်မာမီပြောလာခဲ့သောစကားတစ်ခွန်း
ကြောင့်ပျော်ရွှင်နေခဲ့တဲ့သူ့စိတ်တွေလေလို
ပျောက်ကွယ်သွားခဲ့ရပြန်တယ်

သားနဲ့ယူရီရဲ့စေ့စပ်ပွဲကိုနောက်တစ်ပတ်ကျလုပ်ဖို့လူကြီးချင်းတိုင်ပင်ပီးကြပီတဲ့လေ...

ယူရီဆိုတဲ့ကလေးမလေးကတစ်ခြားမဟုတ်မာမီနဲ့စီးပွားဖက်ဖြစ်တဲ့gold starလုပ်ငန်းစုရဲ့တစ်ဦး
တည်းသောသမီး..နိူင်ငံခြားမှာကျောင်းတက်ခဲ့ပီးအခုမှသူအဖေရဲ့လုပ်ငန်းတွေကိုလာလေ့လာနေတာတဲ့လေ..ပိုက်ဆံကလဲသုံးမကုန်အောင်ရေလိုပေါ..
လုပ်ငန်းတွေကလဲဟိုနေရာဒီနေရာလက်ညိုးထိုးမလွဲဆိုတော့မာမီ့အကြိုက်ဖြစ်ပီပေါ့...ဟိုတစ်ခါသူနဲ့တွေ့ပေးခဲ့ကတည်းကနားမခံနိုင်အောင်ထိုကလေးမရဲ့အကြောင်းတွေတတွတ်တွတ်ပြောနေခဲ့တာ
နောက်ဆုံးတော့ဒီလိုတွေလုပ်ဖို့ပဲကိုး...

သားဘက်ကငြင်းမယ်ဆိုရင်ကောမာမီ...

သူပြန်ပြောလိုက်တဲ့စကားကြောင့်ထမင်းဝိုင်းမှာစားသောက်နေကြတဲ့သူတွေရဲ့ဇွန်းကိုင်ထားတဲ့
လက်တွေရုတ်တရက်ရပ်တန့်သွားတယ်..ဒီနေ့မှအ
အိမ်ကိုအလည်လာတဲ့သူ့တစ်ဝမ်းကွဲညီလေး
ဒိုယောင်းကောအပါအဝင်ပေါ့...ခုနကစကားပြောသံတွေနဲ့ဆူညံနေတဲ့ထမင်းဝိုင်းကအခုတော့အပ်ကျသံတောင်မကြားရလောက်အောင်တိတ်
ဆိတ်နေခဲ့တယ်...

သူနဲ့မာမီ့ကြားကအေးစက်ပြီးကြောက်စရာကောင်းလှတဲ့လေထုကြောင့်ကြားကလူတွေတုတ်တုတ်
မလှုပ်ရဲ...

အကြောင်းပြချက်ပြော....

...

ပြောလေ..

မင်းမှာဒီကိစ္စကိုလက်မခံနိူင်ရလောက်တဲ့အကြောင်းအရင်းရှိလား..

သားမှာ..

သူတစ်ချက်တွေဝေမိသွားတယ်

သားအချစ်ရေးတွေစိတ်မဝင်စားသေးလို့ပါစာထဲမှာပဲစိတ်နှစ်ထားချင်လို့...

သူတကယ်ပြောမထွက်ခဲ့ဘူးသူ့မှာရင်ဆိုင်ရဲတဲ့
သတ္တိမရှိဘူးဖွင့်ပြောလိုက်လို့မာမီလက်မခံခဲ့ရင်ဆိုပီးတွေးကြောက်နေခဲ့တာ
သူ..သူတကယ်မောင်နဲ့မခွဲချင်ဘူး...

​အဲ့အတွက်ဘာမှစိတ်မပူနဲ့အခုချက်ချင်းလက်
မထပ်ခိုင်းဘူးလူကြီးချင်းစကားပြောထားရုံပဲ..

ဒီတစ်ခါလဲသူမလွန်ဆန်နိူင်ခဲ့ပြန်ပါဘူး...ဘယ်တော့မှလဲမလွန်ဆန်နိူင်ပါဘူး..

____________________🍁__________________

ခင်ဗျားလေး...ဘာဖြစ်နေတာလဲဟင်ကိစ္စတစ်ခုခုရှိလို့လား..

သူမနက်ကကိစ္စကြောင့်မျက်နှာမကောင်းဖြစ်နေတာကို
ရိပ်မိသွားတဲ့ပုံပါပဲစိုးရိမ်တကြီးမေးလာရှာတယ်...

ဟင့်အင်း...ဘာမှမရှိပါဘူးဒီတိုင်း

အခုသူတို့နှစ်ယောက်ကဦးပိန်တံတားနားလေးက
မယ်ဇယ်တန်းမှာလာထိုင်နေကြတာသူလဲအတန်း
မတက်ချင်တော့တာနဲ့နှစ်ယောက်သားအတန်း
လစ်ပီးလာနေနေတာမောင်လဲသူနဲ့ပေါင်းမှကျောင်းအမြဲလစ်တတ်လာပီအတန်းခေါင်းဆောင်ဆိုတော့ကျောင်းလစ်လို့ရလားမေးတော့အချစ်အတွက်ပဲမရစရာလားဆိုပီးအူယားစရာကောင်းအောင်ဖြေ
လိုက်သေးတယ်မောင်ကတော့တကယ်ပါပဲ..

ပါးဖောင်းလေးစိတ်ညစ်စရာရှိရင်ကျွန်တော်မျိုးကိုပြောပြနော်တစ်ယောက်တည်းကြိတ်ခံစားမနေနဲ့ကြားရဲ့လား...

မျက်စိကိုဖုံးနေတဲ့ဆံပင်လေးတွေကိုဘေးကိုသပ်
တင်ပေးပီးရှည်သွယ်လှတဲ့လက်လေးတွေနဲ့
သူ့ပါးအိအိလေးတွေကိုဆွဲညှစ်လို့ပြောလာခဲ့တဲ့သူ

အင်း...ချစ်တယ်နော်

ပြောပြီးမောင့်ရင်ခွင်ထဲကိုအတင်းတိုးလို့နေနေ
လိုက်တယ်တကယ့်ကိုသူ့အတွက်တော့မောင့်ရင်
ခွင်ကအနွေးထွေးဆုံးစိတ်ညစ်စရာတွေတောင်
ပျောက်သွားသလိုပဲ

မောင်ကပိုချစ်ပါတယ်ဗျာ...

အမြဲတမ်းကြားနေရပေမယ့်ဘယ်တော့မှမရိုးသွား
နိူင်တဲ့မောင့်ရဲ့ချစ်စကားလေးတွေပါပဲ...
ဒီအချိန်လေးတော့သူအရာအားလုံးမေ့ထားပီးဒီလိုလေးပဲနေချင်ပါသေးတယ်...

ဒီအချိန်လေးတော့သူအရာအားလုံးမေ့ထားပီးဒီလိုလေးပဲနေချင်ပါသေးတယ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

မယ်ဇယ်တန်းဆိုတာဒီနေရာလေးပါ><
crd pic

___________________🍁___________________

ချစ်ခြင်းကိုတည်စေသော်Where stories live. Discover now