သားလေးဖြေးဖြေးသွားအုံးနော်လမ်းကြည့်စီးအုံး
ဆိုင်ကယ်တွေကားတွေကအရမ်းရှုပ်တာနဲ့ဟုတ်ကဲ့ပါမေမေရဲ့အာ့ဆိုသားသွားပြီနော်
အင်းပါငါ့သားငယ်ကတော့မနက်ကတည်းက
တက်ကြွနေတာဟေ့ဒီလောက်တောင်ချစ်တာလားအာ...မေမေကလဲ
အေးပါအေးပါမေမေမစတော့ပါဘူးနောက်တစ်ခါကျရင်သူ့ကိုအိမ်ခေါ်လာခဲ့ပါလားမေမေလဲ
ရုပ်လေးတစ်ခါလောက်မြင်ဖူးချင်တာပေါ့သူနောက်ဆူံးတော့မေမေတိို့ကိုဖွင့်ပြောခဲ့ပါ
တယ်အစပိုင်းမှာတော့နှစ်ယောက်လုံးအံ့ဩသွားခဲ့ကြပေမယ့်လက်မခံတာမျိုးတော့မရှိခဲ့ကြပါဘူးသားပျော်ရင်ဖေဖေတို့လဲကျေနပ်ပါတယ်ငါ့သားလေးသာအဓိကပါဆိုပြီးပြောခဲ့လို့သူ့မှာမေမေ့ရင်
ခွင်ထဲဝင်လို့အားရပါးရငိုခဲ့ပါသေးတယ်🤍
သစ္စာရှိခြင်းနဲ့ထာဝရတည်မြဲသွားမယ့်ချစ်ခြင်းလို့
အဓိပ္ပာယ်ဖော်ဆောင်တဲ့နှင်းဆီဖြူလေးတွေကိုလဲ
ချစ်ရသူအတွက်အမှတ်တရ
လက်ဆောင်လေးပေးဖို့ဆိုပြီးမနက်စောစောဈေးထဲအပြေးသွားပြီးဝယ်ခဲ့ရသေးတယ်နှင်းဆီဖြူကရှားလွန်းလို့တောင်သူ့မှာ၃ရက်လောက်ကြိုမှာထားရတာကိုယ်တိုင်ကိုယ်ကျသေသေချာချာစည်းပြီးအလှ
ဆင်ထားတဲ့အဖြူရောင်ပန်းစည်းလေးကစက်ဘီးရှေ့ခြင်းလေးထဲမှာကျကျနနနေရာယူလို့အိမ်ရှေ့မှာရပ်ထားတဲ့စက်ဘီးလေးကိုသေချာ
ကြည့်
အားလုံးအဆင်ပြေပြီဆိုတော့မှအရှိန်လေးမြင့်လို့
ချိန်းဆိုထားတဲ့နေရာလေးကိုသာခပ်သုတ်သုတ်
ထွက်ခဲ့တော့တယ်ဒီနေ့ကတော့ခါတိုင်းနဲ့မတူပဲသူ့
အတွက်တော်တော်ထူးခြားတော့မနက်ကတည်းက
ရင်တွေခုန်ပြီးစိတ်တွေလှုပ်ရှားနေတာသူတို့ချစ်သက်တမ်း၂လပြည့်တဲ့နေ့လေး..
ဘုရားရောက်တော့ခါတိုင်းလိုပဲစက်ဘီးအပ်နေကျနေရာလေးမှာပဲအပ်လို့တွေ့နေကျခရေပင်ကြီး
အောက်ကို
လာထိုင်နေလိုက်တယ်အခုစာမေးပွဲနီးလာပြီလေ
ကျောင်းလာစရာလဲမလိုတော့ဘူးဆိုတော့သူတို့လဲဒီနေရာလေးမှာပဲစာလာကျက်ဖြစ်ကြတာအရင်
တစ်
ပတ်ကတောင်သူတို့လာဖြစ်ကြသေးတယ်ချိန်းထားတဲ့အချိန်ထက်တစ်နာရီကျော်ကြာပီးတဲ့အထိတောင်ချစ်ရသူရောက်မလာသေးတာမို့သူလဲမနေနိူင်တော့ငြိမ်ငြိမ်ထိုင်မနေနိူင်တော့ပဲဖင်တကြွကြွဖြစ်နေပြီဘာများဖြစ်နေလို့ပါလိမ့်
အရင်တစ်ပတ်တုန်းကတောင်ဒီနေ့တော့သူလာ
ဖြစ်အောင်လာခဲ့ပါ့မယ်ဆိုပြီးပြောသွားလို့စိတ်အေးနေခဲ့တာကြားရက်တွေတော့သူတို့ဖုန်းသိပ်မပြောမိကြ
စာကျက်တာအနှောင့်အယှက်ဖြစ်မှာစိုးတာနဲ့တွေ့ရတဲ့ရက်လေးရောက်တော့မှပဲတင်းတင်းကျပ်ကျပ်
ဖက်ပြီးအလွမ်းဖြေတော့မယ်ဆိုပီးတွေးထားခဲ့တာဖုန်းခေါ်ကြည့်တော့လဲစက်ပိတ်ထားပါသည်တဲ့
သုံးနာရီတောင်ကြာတဲ့အထိတောင်အရိပ်လေး
တောင်မမြင်ရသေးတော့သူစိတ်ပူနေပြီ
ခင်ဗျားရယ်ဘာကိစ္စတွေများဖြစ်နေတာလဲဗျာ....___________________🍁___________________
ဒေါက်....ဒေါက်
သားလေးနေ့လည်စာလေးစားလိုက်ပါအုံး
သားမစားချင်ဘူးဘဘပြန်ယူသွားလိုက်ပါ
သားလေးရယ်အဲ့လိုကြီးအမြဲမနေပါနဲ့တော့ကြာလာရင်သားလေးကိုယ်ခံအားနည်းပြီးနေမကောင်း
ဖြစ်စ်လိမ့်မယ်လေဖြစ်ချင်ဖြစ်ပါစေဘဘရယ်သားကိုဒီတိုင်းလွှတ်ထားပေးပါသားတစ်ယောက်တည်းနေချင်လို့
ဟူး..ခက်ပါလားကလေးရယ်
ခန်းဆီးလေးကိုဖယ်လို့ပြတင်းပေါက်ကိုဖွင့်လိုက်မိတော့အပြင်မှာမိုးတွေတောင်ရွာနေပါပေါ့လား
နာရီကိုလှမ်းကြည့်လိုက်တော့ညနေ၂နာရီတောင်ထိုးပြီပဲ
မောင်ရောအခုချိန်ဆိုဘယ်လိုများနေနေမလဲ
အိမ်ကိုပြန်ရောက်လောက်ပြီထင်ပါတယ်အတွေးထဲသူမိုးများမိနေမလားစိုးရိမ်နေပြန်တယ်တောင်းပန်ပါတယ်မောင်ရယ်ဒီတစ်ခါလဲငါဂတိ
မတည်နိူင်ခဲ့ပြန်ဘူး
တွေးရင်းတွေးရင်းပါး
ပြင်ပေါ်ကျလာတဲ့မျက်ရည်စက်တွေကသည်း
ထန်စွာရွာသွန်းနေခဲ့တဲ့ဒေဝေါမိုးနဲ့အပြိုင်အဆက်မပြတ်
ကျဆင်းလို့.....___________________🍁___________________
ဇာတ်သိမ်းပိုင်းရောက်ခါနီးလာတာနဲ့အမျှအရေးအသားတွေကကိုယ်တိုင်တောင်အားမရချင်သလိုဖြစ်လာပါတယ်ဒါလေးကိုပဲသည်းခံပြီးဖတ်ပေးကြတဲ့
သူတွေအားလုံးကိုတကယ့်ကိုကျေးဇူးတင်ပါတယ်ရှင်ဒီနေ့သွားစရာလေးရှိလို့စောစောတင်ပေး
လိုက်ပါပြီ......🤍