အပိုင်း(၈)

117 18 0
                                    

ညရထားမို့မနက်စောစော၆နာရီလောက်ပုဂံဘူတာကိုဆိုက်ရောက်ခဲ့ပါတယ်၉နာရီလောက်ဆရာကလူပြန်စုကြမယ်ပြောလို့သူတို့လဲရောက်ရောက်ချင်း
တည်းခိုဆောင်မှာခဏနားမနက်စာစားပီးအဆင်
သင့်ဖြစ်အောင်လုပ်နေကြရတယ်...

မနက်ပိုင်းမှာတော့ဆရာတွေကနေရာအနှံ့မှာရှိတဲ့
ဘုရားပုထိုးတွေကိုအစုံလိုက်ပို့ပီးသမိုင်းကြောင်းတွေလဲတစ်ခုမကျန်ပြန်ရှင်းပြလို့စိတ်ဝင်စားစရာကောင်းခဲ့ပါသေးတယ်...

နေ့လည်ပိုင်းကျတော့အချို့ကပင်ပန်းလို့တည်းခိုဆောင်ပြန်နားတဲ့သူကနား..တစ်ချို့ကတော့
ရောက်တုန်းရောက်ခိုက်နေရာအစုံလျှောက်ပတ်ကြမယ်ဆိုပီးအုပ်စုလိုက်ဆရာကိုခွင့်တောင်းလို့ထွက်ခဲ့ကြတယ်ထိုအထဲကမှပထမနှစ်ကကျောင်းသား
အုပ်စုကထိပ်ဆုံးကပေါ့...

မနေ့ကရထားပေါ်မှာအိပ်ရေးမဝခဲ့လို့
အဆောင်ပြန်အိပ်မယ့်သူ့သူငယ်ချင်းလေးကို
အပြင်ထွက်လည်ဖို့တရွတ်တိုက်ဆွဲခေါ်ခဲ့တဲ့
ဂျီဟွန်း...

​ကောင်စုတ်လေးရဲ့ငါအိပ်ချင်သေးပါတယ်ဆိုဘယ်ကိုခေါ်လာခဲ့ပြန်တာတုန်း...

ဟာ...မင်းကလဲရောက်တူန်းရောက်ခိုက်နေရာအစုံလျှောာက်ပတ်မှပျော်စရာကောင်းမှာပေါ့ကိုယ်တခါမှမရောက်ဖူးတဲ့နေရာကိုဒီလိုကြီးသွားအိပ်နေ
ရင်လာရကျိုးမနပ်ဘူး...

လာပါကွာ...

​ဆူပုတ်ပုတ်ရုပ်လေးနဲ့အိပ်မှုန်စုံဖွားဖြစ်နေရှာတဲ့သူ့ရှေ့ကသူလေးကိုကြည့်ပီးသူအသဲယားတဲ့စိတ်လေးတွေထိန်းမရတော့စိတ်ရှိလက်ရှိရင်ခွင်ထဲပဲ
ထည့်ထားလိုက်ချင်တော့တယ်...

အဟင်း...

ထိုအချိန်မှာပဲအကိုဂျီဟွန်းတစ်ယောက်သူ့နား
ကပ်လို့

ငါတာဝန်ကျေတယ်မလားတစ်ဝိုင်းနော်ဟေ့ကောင်...

အိုကေအိုကေ..သူလဲမသိမသာပြန်ပြောလိုက်တော့
ရုပ်ကပြုံးစိပြုံးစိနဲ့...

လာလာသွားကြမယ်လေဟျောင့်လာလုပ်နေတာလဲ

အား..

ခပ်တည်တည်နဲ့သူ့နောက်ကိုဝင်ထိုင်မလို့လုပ်နေတဲ့သကောင်သားလေးဂျောင်ဝူးကိုလှမ်းဆွဲလိုက်တဲ့သူကအားကိုးရတဲ့အစ်ကိုကြီးဂျီဟွန်း..

ချစ်ခြင်းကိုတည်စေသော်Tempat cerita menjadi hidup. Temukan sekarang