အပိုင်း(၁၀)

92 17 0
                                    

မောင်

ဗျာ...

သူခေါ်လိုက်တော့မျက်နှာထက်အပြုံးလှလှလေး
ဆင်လို့ပြန်ထူးလာခဲ့တဲ့သူ
တကယ်ကို
မောင့်အပြုံးတွေကအလှဆုံးပဲ

ငါအခုအရမ်းပျော်တယ်သိလား

သိတာပေါ့မောင့်အချစ်ရဲ့...

မောင်နဲ့အတူရှိလို့မလား

ဟီး..ဟုတ်တယ်...

သွယ်လျလှတဲ့လက်ချောင်းရှည်ရှည်လေးတွေကသူ့ရဲ့လက်ဖောင်းဖောင်းလေးတွေကိုတင်းကျပ်စွာ
ဆုပ်ကိုင်လို့..

သူကတော့မောင့်ရဲ့ပုခုံးထက်ခေါင်းလေးမှီလို့ပေါ့
သူသိပ်ကြိုက်တဲ့ပန်းနှင်းဆီရေမွှေးရနံ့လေးကလဲ
နှာခေါင်းနားလေးမှာသင်းလို့

မောင်ခုနကဘာဆုတောင်းခဲ့လဲ

မပြောပြပါဘူးဘာလို့ပြောပြရမှာလဲ

မောင်...

ဗျ

လူကိုလာရွဲ့နေတာလားပြောပြပါဆို

နှုတ်ခမ်းဆူလို့ပြောလိုက်မိတော့မျက်နှာက
ပြောင်စပ်စပ်လုပ်လို့...

စိတ်တော့မဆိုးပါနဲ့အချစ်ရယ်မောင်ပြောပြပါ
မယ်ကွာဒါပေမယ့်အခုတော့မဟုတ်ဘူးနောက်မှ

ဂတိနော်...

အင်းဂတိ

​အကိုကြီးတို့သနပ်ခါးလေးလိမ်းကြအုံးမလား
ကုသိုလ်တော်ဘုရားရောက်ရင်ဒီလိုလေးလိမ်းမှပျော်စရာကောင်းတာဗျ

သူတိူ့နှစ်ယောက်တည်းခရေပင်အောက်မှာထိုင်နေကြတဲ့အချိန်မှာပဲကောင်လေးတစ်ယောက်ပန်းလေးတွေကိုင်ပီးသနပ်ခါးဘူးလေးနဲ့ရောက်လာလို့
ကြည့်လိုက်မိတော့မျက်နှာငယ်လေးနဲ့လာမေးနေရှာတာ

အဲ့တာဆိုအစ်ကို့ကိုလိမ်းပေးနော်

ဟုတ်ကဲ့

ချစ်ရသူရဲ့ဖြူစင်တဲ့စိတ်ထားလေးဒီလိုမျိုးတွေ
မြင်ရင်မနေနိူင်ပဲသူတတ်နိူင်တဲ့ဘက်ကနေ
ကူညီပေးတတ်သေးတာအခုလဲကြည့်ပါအုံး
သူ့ရဲ့မြတ်နိူးရာလေးကကလေးလေးကျလို့
သနပ်ခါးလေးနဲ့ချစ်စရာကောင်းနေရော

ချစ်ခြင်းကိုတည်စေသော်Donde viven las historias. Descúbrelo ahora