အပိုင်း(၁၂)

265 19 3
                                    

အခုချိန်ကစပြီးဘယ်မှမသွားနဲ့အိမ်မှာပဲစာ
ကျက်

မောင်နဲ့တွေ့ခဲ့တဲ့ညနေမှာပဲအိမ်ကိုပြန်ရောက်
ရောက်ချင်းမာမီချလိုက်တဲ့အမိန့်

နယ်ဝေးကမာမီ့စီးပွားဖော်တွေကိုဘုရားဖူးလိုက်ပို့ကြရင်းကုသိုလ်တော်ဘုရားကိုပါရောက်ခဲ့တယ်တဲ့
ကံတရားကသူတို့ဘက်ကိုမျက်နှာသာမပေး
ချင်တော့
သူနဲ့မောင်နဲ့လက်ချင်းတွဲလို့ရယ်မောနေတာတွေ
အတူတူစာကျက်နေတာတွေကိုမြင်သွားခဲ့တယ်
ထင်ပါရဲ့..
အိမ်ရောက်တော့သောင်းကျန်းပါလေရော...
ဒေါသတွေထွက်ပြီးအခုဆိုဘယ်မှမသွားခိုင်းတော့

မွန်းကျပ်စရာကောင်းတဲ့နေ့တွေပါပဲ...

တစ်ပတ်လောက်အစားသိပ်မစားပဲနေနေတော့လူကအားမရှိပဲပိန်သွားသလိုပဲ..မောင်မြတ်နိုးရတဲ့ပါးဖောင်းဖောင်းလေးတွေတောင်မရှိတော့သလို

​ပုဂံလေ့လာရေးခရီးသွားတုန်းကသူတို့နှစ်ယောက်
ဆင်တူ
ဝယ်ခဲ့ကြတဲ့အင်္ကျီလေးတောင်နဲနဲချောင်သွားတယ်
ကြယ်သီးလေးတွေတပ်..ရေမွှေးလေးအနည်းငယ်
ဆွတ်လို့အပြင်ထွက်ဖို့ပြင်လိုက်တယ်...

ဒီနေ့တော့မောင်နဲ့တွေ့ရတော့မှာပဲလို့တွေးလိုက်တာနဲ့
သူ့နှုတ်ခမ်းစွန်းလေးကကော့တက်နေအောင်ပြုံးသွားပြန်တယ်မောင်ကတကယ့်ကိုသူ့ရဲ့
စိတ်ပျော်ဆေးလေး...

ခြေသံမကြားအောင်ခပ်ဖွဖွလေးနင်းလို့အောက်
ထပ်ဆင်းလာတဲ့အချိန်မှာဧည့်ခန်းထဲမှာရှိတဲ့မာမီနဲ့တည့်တိုးမိတယ်..အလုပ်သွားပြီထင်နေတာ

ဒီနေ့တစ်နေ့တော့သွားတွေ့ပါရစေလို့မရမက
တောင်းပန်ပြီးပြောတာတောင်မရဘူး..သိပ်သွား
ချင်နေရင်ငါ့ကိုအမေလို့မခေါ်နဲ့တဲ့လေ ...

တကယ်ပဲအဲ့လောက်ထိလုပ်မှရမှာလားသူဘာတွေများအမှားရှိလို့ဒီလောက်ထိ

ခါတိုင်းလိုပဲအခန်းထဲပြန်ပိတ်လှောင်ခံထားရပြန်ပြီ
ဒီနေ့လေးတော့လာဖြစ်အောင်လာပါ့မယ်ဆိုပြီး
မောင့်ကိုဂတိပေးထားခဲ့တာကို...
မောင်ရယ်အမြဲတမ်းငါ့ဘက်ကပဲဂတိမတည်တဲ့သူ
ဖြစ်နေရပါလား..

You've reached the end of published parts.

⏰ Last updated: Feb 01, 2022 ⏰

Add this story to your Library to get notified about new parts!

ချစ်ခြင်းကိုတည်စေသော်Where stories live. Discover now