အပိုင်း(၇)

120 19 1
                                    

ခါတိုင်းဆိုtutoချိန်လောက်ပဲလူရှိတဲ့သူတို့အတန်းကဒီနေ့ကျမှလူတွေပြည့်လို့အကြောင်းကတော့ဆရာမကပြောစရာရှိလို့ဆိုပီးအတန်းထဲကကျောင်းသားအားလုံးကိုစုခိုင်းထားခြင်းဖြစ်သည်...

ကဲ..ဒီနေ့ပြောချင်တာကနောက်တစ်ပတ်ဆိုရင်
ဆရာမတို့မေဂျာရဲ့လေ့လာရေးခရီးထွက်ဖို့ရှိတယ်
ပုဂံကိုတော့သွားဖို့စဉ်းစားထားတယ်အဲ့တာလိုက်
ချင်တဲ့သူရှိရင်အခုဆရာမဆီကိုနာမည်စာရင်းလာပေးကြပါ...အော်ပီးတော့ဒီတစ်ခါ
ပထမနှစ်တွေပဲမဟုတ်ဘူးဒုတိယနှစ်တိယနှစ်တွေကောအကုန်ပါတယ်...

ဆရာမပြောလိုက်တဲ့နောက်ဆူံးစကားကိုကြားမိတော့သူ့အတွေးတွေကတစ်ယောက်သောသူဆီမှာ

သူကော..လိုက်မှာလား..

အင်း...လိုက်ဖြစ်ခဲ့ရင်တော့

အချိန်တွေတစ်ဖြည်းဖြည်းကြာလာတာနဲ့အမျှသူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကလဲပိုပီးရင်းနှီးလာခဲ့
တယ်အရယ်အပြုံးသိပ်မရှိအေးအေးဆေးဆေးပဲနေတတ်တဲ့ရင်ခုန်သံလေးကသူနဲ့တွေ့ရင်တော့ကလေးလေးတစ်ယောက်လိုပြုံးရွှင်လို့

သူတစ်ခါတစ်ခါစလိုက်တိုင်းလဲမျက်နှာလေးဆူ
ပုတ်လို့နှုတ်ခမ်းလေးကဆူနေသေး
အဲ့လိုချစ်စရာအပြုအမူလေးတွေကိုပဲသူသိပ်ကို
မြတ်နိူးရမိတာ
သူနေ့တိုင်းအားတင်းပီးဖွင့်ပြောလိုက်ဖို့ကြိုးစားပါသေးတယ်ဒါပေမယ့်သူဖွင့်ပြောလိုက်လို့သူတို့ကြားကသူငယ်ချင်းသံယောဇဉ်လေးပြတ်တောက်သွားမှာလဲစိုးရိမ်မိတယ်သူ့ကိုတစ်မျိုးထင်သွားမှာလဲ
ကြောက်မိပါတယ်...
ဒီတစ်ခါတော့သူထပ်ပီးကြိုးစားသင့်လား..ဒီတိုင်းလေးပဲနေလိုက်ရမလား
သူ့ကိုယ်သူလဲသေချာမသိတော့ပါဘူး

___________________🍁________________

ခင်ဗျားလေးလိုက်မှာလား

ဟင်..ဘယ်ကိုလဲ

ပုဂံလေ..လေ့လာရေးခရီး

​ကျောင်းဆင်းချိန်ကော်ရစ်တာမှာနှစ်ယောက်အတူလမ်းလျှောာက်နေရင်းကပြောလာတဲ့သူ

လိုက်ရမှာပေါ့လေ့လာရေးခရီးပဲ...

ငါပုဂံကိုတစ်ခါမှမရောက်ဖူးဘူး..

ချစ်ခြင်းကိုတည်စေသော်Opowieści tętniące życiem. Odkryj je teraz