ပထမတစ်ခါဆိုရင်တော့တိုက်ဆိုင်မှု..ဒုတိယတစ်ခါဆိုရင်တော့ကံကြမ္မာကဖန်တီးပေးထားတဲ့ဖူးစာပေါ့..
အခြားသူတွေတော့ဘယ်လိုအဓိပ္ပာယ်သတ်မှတ်သလဲတော့မသိကျွန်တော်ကတော့အဲ့လိုပဲသတ်မှတ်
လိုက်တယ်....ကျွန်တော့်ထက်နှစ်နှစ်ကြီးတဲ့ရင်ခုန်သံလေးက
ကျွန်တော်နဲ့မေဂျာတူတူပဲတဲ့ဗျာ...ပျော်လွန်းလို့ထတောင်ခုန်ချင်မိတယ်.အသက်အရွယ်နဲ့
မလိုက်အောင်လဲလူလေးကသေးသေးလေးနဲ့
ချစ်စရာလေးဗျ..မနက်ခင်းအတန်းချိန်မစခင်အထက်တန်းကျောင်းတုန်းကသူငယ်ချင်းတွေနဲ့ပြန်တွေ့ဖို့ကန်တင်းမှာ
ချိန်းထားလို့သူလဲကန်တင်းဘက်ကိုအသွား.
သူ့ရှေ့ကသွားနေတဲ့လူတစ်ယောက်ကိုဘရိတ်မမိတဲ့စက်ဘီးတစ်စီးကတိုက်မိတော့မလို့ဖြစ်သွားတာ..
တော်သေးလို့သူဆွဲလိုက်တာမြန်လို့ပေါ့မဟုတ်ရင်
တော့...သူလဲထိုသူကိုအမြန်ဆွဲဖက်လိုက်ပီးထိုစက်ဘီးပိုင်
ရှင်ကိုလှမ်းအော်ပြောလိုက်ရသည်..ဘယ်လိုလူကများ
ဘရိတ်ပေါက်နေတဲ့စက်ဘီးကိုကျောင်းထဲလာစီးနေရတာလဲတကယ့်ဟာတွေ...
သူ့ရင်ခွင်ထဲကလူကတော့မျက်လုံးလေးမှိတ်လို့
ကုပ်ကုပ်လေးငြိမ်နေလေရဲ့..လန့်သွားတယ်ထင်ပါတယ်အဆင်ပြေရဲ့လားဗျ...
မေးလိုက်တော့မျက်လုံးလေးဖွင့်ကြည့်ပီးသူ့ကိုမော့ကြည့်လာခဲ့တဲ့သူလေး
ဟာ...ရင်ထဲမှာပျော်ရွှင်မှုကအတိုင်းအဆမရှိ
ခင်ဗျားလေး..
ထပ်တွေ့ပြန်ပီနော်
ရှာစရာမလိုအောင်သူ့ရှေ့ကိုစိုက်စိုက်မြိုက်
မြိုက်ပြန်ရောက်လာတဲ့သူ့ရဲ့ရင်ခုန်သံလေး...
ပျော်လိုက်တာဒီနေ့မနက်ကျောင်းမလာခင်ဆွမ်းတော်ကပ်ရင်းဘုရားဆီမှာဆုတောင်းခဲ့တာ..
သူ့ဆုတောင်းတွေပြည့်ခဲ့ပီပေါ့..မကြံကောင်းမစည်ရာသူဘရိတ်မမိတဲ့စက်ဘီးကိုတောင်ကျေးဇူးတင်ရတော့မလိုလို....
ကျွန်တော်ပြောလိုက်ပေမယ့်သူကတော့
ကျွန်တော့်ကိုတော်တော်နဲ့မမှတ်မိဘူးဗျ..စဉ်းစားနေရှာတာ..အဲ့တာနဲ့ကျွန်တော်လဲသူ့ရဲ့အေးချမ်းလှတဲ့
မျက်နှာလေးကိုပဲအချိန်အတော်ကြာတဲ့အထိငေး
ကြည့်နေခဲ့တာပေါ့...