🖤 Black rose 🖤

2.3K 102 2
                                    

~ Intro ~

" ပထမနှစ်ကျောင်းသားလေးတွေ အားလုံးကို ကြိုဆိုပါတယ်။ အခု fresher welcome လေးလည်း လုပ်ပြီးသွားပြီဆိုတော့ စီနီယာတွေက ဂျူနီယာတွေကို သေချာသင်ပြပေးပါ။ ပထမနှစ်လေးတွေကလည်း ဆရာဆရာမတွေနဲ့ စီနီယာတွေအပေါ် လေးလေးစားစား ဆက်ဆံကြပါ။ အားလုံးပဲ အဆင်ပြေကြပါစေ "

ကျောင်းဥက္ကဋ္ဌမှ အနည်းငယ်မှာကြားပြီးသောအခါ ပြန်သွားပြီဖြစ်သည်။ ပထမနှစ်ကျောင်းသားလေးများမှာ မိမိတို့၏ စီနီယာကျောင်းသားများထံ သွားရောက်၍ ရင်းနှီးစေရန် စကား၀ိုင်းဖွဲ့ကြသည်။

" ရှောင်ကျန့် မင်း ဂျူနီယာလေး မလာသေးဘူးလား? နာမည်က ဘယ်သူတဲ့တုန်း? ဘာလို့ အခုချိန်ထိ ရောက်မလာသေးတာလဲ? အချိန်မလေးစားလိုက်တာ ဘယ်လိုကလေးတွေလဲမသိဘူး %&×@#/* "

ထုံးစံအတိုင်း ပွစိပွစိရေရွတ်နေသော ကျန်းချန်ကို ကြည့်ကာ ရှောင်ကျန့်တစ်ယောက် ပြုံးမိသည်။ စိတ်ဆတ်ကာ ဒေါသထွက်လွယ်သူပီပီ ခုလည်း မကျေမနပ်ဖြစ်နေပြန်ပြီ။ ကြည့်လိုက်လျှင် ပေါင်းသင်းရခက်မည့် ဒေါသအိုးဟု ထင်ချင်စရာရှိသော်လည်း သူနှင့်အကြောတည့်လျှင်ကား အလွန်ခင်မင်စရာကောင်းသော သူငယ်ချင်းတစ်ဦးဖြစ်သလို ရှောင်ကျန့်၏ ငယ်သူငယ်ချင်းတစ်ယောက်လည်းဖြစ်သည်။

" တတိယနှစ် သမိုင်းမေဂျာက ရှောင်ကျန့်လား? "

မည်သည့်စကားပလ္လင်ခံမှုမျိုးမှမပါဘဲ ခပ်ပြတ်ပြတ်မေးလာသောသူကြောင့် ရှောင်ကျန့် လှည့်ကြည့်လိုက်သည်။ စကားကို အဲ့လောက်ထိတော့ တုံးတိကြီးမပြောသင့်တာကြောင့် သူငယ်ချင်း ၂ ယောက်ပေါင်း ရန်တွေ့လိုက်ဦးမည်ဟု စဥ်းစားကာ လှည့်ကြည့်လိုက်စဥ် မျက်လုံးထဲ အမှောင်ထုတို့ဖုံးလွှမ်းသွားသလိုပင်။

" အမေ့... "

ယောင်ပြီးပင် အာမေဋိတ်သံထွက်သွားသည်။ ရှေ့တည့်တည့်တွင် အမည်းရောင်အရိပ်ကြီးတွေ့လိုက်ရသောကြောင့်...

" ဟိတ် မေးနေတာကြားလား!? "

ထိုအခါမှ လူမှန်းသိတော့သည်။ ခေါင်းစခြေဆုံး အမည်းရောင်အတိ...ဦးထုပ်အမည်းဆောင်းကာ mask အမည်းရောင်တပ်ထားသည်။ အကျီအမည်း ဘောင်းဘီအမည်းနှင့် ကျောပိုးအိတ်အမည်း...တစ်ကိုယ်လုံး လက်ဖျားလေးသာ မြင်ရအောင် ဖုံးလွှမ်းထားသော အနက်ရောင်များ...

🖤 Black rose 🖤Where stories live. Discover now