🖤 9 🖤

643 54 3
                                    

နောက်ထပ်ရောက်လာသော နေရာကား ခြံဝန်းကျယ်ကြီးတစ်နေရာ...ထူးဆန်းသည်ကား မှောင်သင့်သည်ထက် ပိုမှောင်နေခြင်း...ခမ်းနားလှသော တိုက်အိမ်ကြီးက နက်မှောင်နေလျက် အလင်းရောင်လည်း မတွေ့ရ...ပတ်ပတ်လည်ကို ကြည့်လျှင်တော့ ခြံလုံးပြည့်နှင်းဆီနက်တွေကို တွေ့ရမည်ဖြစ်သော်လည်း ရှောင်ကျန့်ကတော့ဖြင့် ဇောကပ်နေသူဖြစ်သောကြောင့် သတိမထားမိလိုက်....။

" လာခဲ့ "

ခုထိ ရိပေါ်၏ အကိုဝမ်းကွဲဟုသာပြောပြီး ဘယ်သူမှန်းမသိသော အရိပ်လိုလို အကောင်အထည်လိုလိုနှင့် လူက ခေါ်သည့်နောက်သာ လိုက်လာခဲ့ရပြန်သည်။ အင်း...လူတော့ မဟုတ်ဘူးပေါ့...ဘာကြီးလဲတော့မသိဘူး။ ကြောက်တော့ကြောက်ပေမယ့် ရိပေါ်ဟူသော အသိစိတ်ကိုတော့ ကြောက်စိတ်က မကြီးစိုးနိုင်ခဲ့။

ရှောင်ကျန့်က ဤကဲ့သို့ လူမဟုတ်သော အရာများဆိုလျှင် အလွန်ကြောက်တတ်သည်။ ယခု အိမ်ကြီးထဲကိုလည်း လိုက်သင့် မလိုက်သင့် စဥ်းစားနေရသည်။ သူတုံ့ဆိုင်းနေသည်ကို တွေ့သောအခါ ရှေ့မှ အရိပ်မည်းကြီးဆီက အသံထွက်လာသည်။

" မြန်မြန်လာ အချိန်မရှိဘူး အထဲမှာ မင်းချစ်သူရှိတယ် "

" ရိပေါ် "

ချစ်ရသူကို မြင်ယောင်မိသောအခါ ကြောက်စိတ်နှင့်တုံ့ဆိုင်းနေမှုတို့က နေရောင်အောက်မှမြူမှုန်ပမာ ကွယ်ပျောက်သွားရသည်။ သူ့ဟာသူ အမှောင်ထုကိုထိန်းချုပ်ရတဲ့ နတ်ဆိုးအမည်းကောင် ဆိုဦးတော့ သူ့ချစ်သူသည် သူ့လောကကို အလင်းပေးသော နေမင်း...။

ရှောင်ကျန့်သည် သတိမထားမိခင်မှာပင် စတွေ့စဥ်တည်းက ခေါ်ခဲ့သော အမည်းကောင် ဆိုသည့် နာမ်စားကိုသာ အမြဲလိုလိုခေါ်ခဲ့သည်။

တစ်လောကလုံးကြောက်ရသော နတ်ဆိုးကြီးကို ထိုသို့ မထီလေးစားခေါ်ရဲသူမှာ ရှောင်ကျန့်တစ်ယောက်သာ ရှိပါလိမ့်မည်။အရင်က ဘာမှမသိခင်ကလည်း ထိုအတိုင်း ခေါ်ခဲ့သည်...ယခု အကြောင်းစုံ သိရသောအခါတွင်လည်း ပြင်မည်မထင်ပါနှင့်...ထိုအတိုင်းသာ ဆက်ခေါ်သည်။

ချစ်ရသူရှိသည် ဆိုရုံနှင့် သူ့ကိုပင် မစောင့်တော့ဘဲ လှမ်းဝင်သွားသော ရှောင်ကျန့်ကို Bil ​ကြည့်ကာ ခေါင်းအသာခါယမ်းရင်း သက်ပြင်းချမိသည်။ ဒီ ၂ ယောက်ကတော့ ဘယ်တော့မှ တားလို့မရဘူး...ဇွတ်တရွတ်တွေ လုပ်လို့ ခုလိုဖြစ်ကုန်ကြတာ...။

🖤 Black rose 🖤Where stories live. Discover now