မနက်စောစောထ မနက်စာစားပြီးသော် ကော်ဖီတစ်ခွက်နှင့် ခြံထဲက အနက်ရောင်နှင်းဆီခင်းကြီးကို ထိုင်ကြည့်နေသည်...အတွေးတို့ကလည်း အတိတ်တစ်ချိန်ဆီသို့ မရောက်ချင်ပါဘဲ ရောက်သွားခဲ့ပြန်သောအခါ မျက်ရည်တစ်စက်က ပါးပြင်ထက်သို့...
လူတစ်ယောက်ကို ရှာဖွေရန်အတွက် ဒီနေရာကို သူရောက်ရှိလာခဲ့သည်...သို့သော် အခုထိတော့ မတွေ့သေး...မတွေ့သေးဆိုတာထက် ရှာဖွေရမည့်နည်းလမ်းကိုပင် သူမသုံးမိသေးတာ...
နာရီပေါင်းများစွာ ထိုင်နေပြီး နေခြည်နုနုတို့က တောက်ပစွာ ဖြာကျလာသည်အထိ နှင်းဆီခင်းကို သူငေးကြည့်မိသည်။ ထို့နောက် ကျောင်းသွားချိန်ရောက်သောအခါ တစ်ကိုယ်လုံး အနက်ရောင်တို့ ခြုံလွှမ်းကာ ကျောင်းသို့ ဆိုင်ကယ်တစ်စီးဖြင့် ထွက်ခဲ့ရသည်။
စိတ်ထဲတော့ သိပ်မသွားချင်လှ... ဟို စီနီယာ ၂ ယောက်က အရမ်းစကားများတယ်လေ...ရှောင်သွားရမည် ...
ရှောင်ပါမည်ဆိုကာမှ အပေါက်ဝတည့်တည့်မှာပင် တွေ့ပါပြီ...ရှောင်ကျန့်နှင့် သူ့သူငယ်ချင်းဆိုသူ ပွစိပွစိနှင့် တစ်ယောက်...
" ဝေး ရိပေါ် "
အော် ... မမြင်ချင်ယောင်ဆောင်သွားမလို့ပါဆို လှမ်းခေါ်တယ်ပေါ့ ...
ခေါ်နေတာတောင် လှည့်မကြည့်ပါက ရိုင်းရာကျဦးမည်စိုးသောကြောင့် ဆိုင်ကယ်ရပ်ကာ လှည့်ကြည့်လိုက်သည်။ ဆိုင်ကယ်ရပ်လိုက်သောနေရာက ရှောင်ကျန့်တို့ရှိနေသောနေရာနှင့် အတန်ငယ်လှမ်းသည်မို့ ရှောင်ကျန့်က အပြေးရောက်လာသည်။
" အမလေး မောလိုက်တာ ... မင်း ... မင်း မနေ့က ... ဘာလို့ ထပြန်သွားတာလဲ ? "
မောပြီး စကားကို တစ်လုံးချင်းပြောနေသောသူကိုကြည့်ကာ ရိပေါ်စိတ်မရှည်တော့...
" မလိုအပ်တာတွေ မေးမလို့ဆိုရင် သွားပြီ "
ပြောရင်း ဆိုင်ကယ် စက်နှိုးလိုက်တာကြောင့် ရှောင်ကျန့်အလျင်အမြန်ဆွဲတားလိုက်ရာ အကျီစကို လှမ်းဆွဲသောအခါ ဒိုင်းကနဲ ရောက်လာသော မျက်စောင်းကြောင့် လန့်ပြီး လက်ပင် ပြန်ရုတ်မိသည်။
YOU ARE READING
🖤 Black rose 🖤
Fanfictionမောင့်ကိုချစ်ရင် နှင်းဆီနက်တွေကို မခူးပါနဲ့ မောင့်ကမ္ဘာငယ်လေးရယ်... နှင်းဆီနက်တွေဟာ မောင့်အသက်မို့ပါ ... 🖤