🖤 8 🖤

636 55 4
                                    

" Erebus မင်း ဘာလို့ လူတစ်ယောက်ကို လက်လွတ်စပယ် သတ်ပစ်ရတာလဲ ! "

နတ်ဆိုးတို့၏ သခင်အသံကာ အိမ်ကြီးထဲဝယ် ဟိန်းထွက်လာသည်။

ရိပေါ် တဖြစ်လဲ Erebus မှာတော့ မည်သည့် စကားမှ မဆို တိတ်ဆိတ်၍ ခေါင်းငုံ့ဒူးထောက်လျက်သာ...

" မင်း အဲ့လို လုပ်လို့မရဘူးလေ...မင်းလုပ်လိုက်တဲ့ လုပ်ရပ်က ဘယ်လောက်တောင် ဆိုးရွားလိုက်သလဲ...မင်းကို ငါဘယ်လောက် အားကိုးရသလဲ မင်းသိလား...ခု မင်းရဲ့ ဝိညာဉ်ကို ငါဘယ်လိုနည်းလမ်းနဲ့ ဖြိုခွဲရက်ပါ့မလဲ Erebus... မင်း ကွာ "

Erebus သည်ကား နတ်ဆိုးသခင်၏ ညာလက်ရုံးဖြစ်သလို စွမ်းအားကြီးမားသူဖြစ်၍ နှမြောစရာပင်။ ထို့ပြင် အမှောင်ထုကို ဆက်လက်ထိန်းချုပ်နိုင်မည့် စွမ်းအားအလုံအလောက်ရှိသော နတ်ဆိုးမရှိသေးသောကြောင့်လည်း Erebus ကို ပျောက်ကွယ်စေပါက အမှောင်ထုကို ထိန်းချုပ်ရန် ခက်ခဲပေမည်။ ပြစ်ဒဏ်မပေးလျှင်လည်း အခြား လက်အောက်ငယ်သားများက မခန့်လေးစား စည်းဖောက်ကြလျှင် လောကကြီးက သွေးချောင်းစီးပေဦးမည်မို့ နတ်ဆိုးသခင်မှာ ရွေးချယ်ရခက်နေပေသည်။

" သခင် နည်းလမ်းအတိုင်းသာ အပြစ်ပေးပါ ... ကျတော် အပြစ်ခံယူဖို့ အဆင်သင့်ပါပဲ ... ကျတော် လုပ်ခဲ့တာ မမှားတဲ့အတွက် နောင်တမရပါဘူး "

ဟုတ်တယ် ... နောင်တမရဘူး... ရစရာ အကြောင်းလည်း မရှိဘူး။ သူ့ချစ်သူကို နှောင့်ယှက်ရင် ရွေးချယ်စရာလမ်းတစ်လမ်းပဲရှိတယ်...သေလမ်း...။

" Erebus မင်းက ငါသိပ်အားကိုးရတဲ့ ငါ့သား တစ်ယောက်လိုပဲ...ငါကိုယ်တိုင်လည်း ချစ်ခွင့်မရှိတဲ့သူကို ချစ်ခဲ့ဖူးတာကြောင့် မင်းကို နားလည်တယ်... မင်းအခုလို ဒီလူသားကို သတ်လိုက်တာလည်း ငါအပြစ်မတင်ဘူး... မင်းချစ်သူကို မင်းကာကွယ်ပေးချင်တာ ငါသိတယ်...ဒါပေမယ့် ...ငါတို့ လောကရဲ့ စည်းမျဥ်းတွေကိုလည်း မင်းသိပါတယ်..."

" သိပါတယ် သခင် "

နတ်ဆိုးတို့၏ သခင်ဆီမှ သက်ပြင်းချသံ တိုးတိုး ထွက်လာသည်။ ထို့နောက် အတန်ကြာအောင် တိတ်ဆိတ်နေလေသည်။

🖤 Black rose 🖤Where stories live. Discover now