" ငါတို့ပြန်ရအောင် "Bil ထံမှ စကားသံ ခပ်တိုးတိုး ထွက်လာကာ မျက်နှာကလည်း ညှိုးရော်နေလျက်...။
" သူ ကရော ? "
" အင်း အနည်းဆုံးတော့ ခုရှိနေသေးဦးမှာပါ ဒီမှာ ကြာကြာနေလို့ မကောင်းဘူး အရင်ပြန်ရအောင် "
" ဟုတ်ကဲ့ "
ရှောင်ကျန့်နှင့် Bil တို့ ပြန်လာကြပြီး သူတို့အိမ်ရောက်မှ Bil က သက်ပြင်းတစ်ချက်ချလိုက်သည်။ ရှောင်ကျန့် စိတ်ထင်နေသည်ပဲလားမသိ...Bil ၏ မျက်လုံးအစုံက ပိုတောက်ပလာသလို အရိပ်လိုလွှမ်းခြုံထားသော ၀တ်ရုံလိုလို ဘာလိုလို အငွေ့တွေက ပိုများလာသည်။ ရှောင်ကျန့် ကြက်သီးပင်ထမိသည်။
ရုတ်တရက် Bil က ထအော်တော့သည်။
" မင်းကြောင့် ... အဲ့ဒါ ... အဲ့ဒါ ... အကုန် မင်းကြောင့် !!! "
ရှောင်ကျန့်လန့်သွားသည်ရော ကြောက်လာသည်ရော စိတ်မကောင်းဖြစ်ကာ၀မ်းနည်းနေသည်ရောပေါင်းကာ မျက်ရည်စတို့ ဝေ့သီလာသည်...။
" မင်းကြောင့်ပဲ ... မင်းသာမရှိရင် ငါ့ညီလည်း အခုလို ဒုက္ခရောက်မှာမဟုတ်ဘူး...သခင်ကြီးတို့တွေလည်း အလုပ်ရှုပ်မှာမဟုတ်သလို ငါလည်း အခုလို ငါ့ညီကို ဆုံးရှုံးရမှာ မဟုတ်ဘူး! "
ခဏတိတ်ဆိတ်သွားပြီးနောက် ထပ်မံပြောလာပြန်သည်...။
" သူ အခု ဘာဖြစ်သွားပြီလဲ မင်းသိလား...ဟမ် ... မင်းသိလား!!! သူအခု စွမ်းအားတွေ ချိတ်ပိတ်ခံလိုက်ရပြီ...အဲ့ဒါကို မင်းနားလည်အောင် ဘယ်လိုပြောပြရမလဲဆိုရင်...ဆွံ့အနားမကြားတစ်ယောက်ကို ခြေချောင်းလက်ချောင်းတွေဖြတ်ပစ်ပြီး...တောနက်ထဲ လွှတ်ပေးလိုက်သလိုမျိုး...အေး...အဲ့လိုမျိုးပဲကွ! နတ်ဆိုးဖြစ်စေ နတ်ဘုရားဖြစ်စေ စွမ်းအားတွေမရှိဘဲ မရှင်သန်နိုင်ဘူး! မင်းတို့ လူသားတွေ စားတဲ့ အစားအသောက်တွေကို မစားနိုင်သလို မင်းတို့ လူ့ဘုံရဲ့ ရာသီဥတုဒဏ်တွေကို မခံနိုင်ဘူး...သူတစ်ကြိမ်တည်း ၀ိညာဉ်ဖြိုခွဲခံရတာက တစ်ကြိမ်ပဲ နာကျင်မှာ...အခုလို စွမ်းအားတွေ ချိတ်ပိတ်ခံလိုက်ရတာက တရစ်ရစ်နဲ့ နာကျင်သွားမှာ!!! မင်းကြောင့်!!! မင်းကြောင့်ပဲ!!! "
YOU ARE READING
🖤 Black rose 🖤
Fanfictionမောင့်ကိုချစ်ရင် နှင်းဆီနက်တွေကို မခူးပါနဲ့ မောင့်ကမ္ဘာငယ်လေးရယ်... နှင်းဆီနက်တွေဟာ မောင့်အသက်မို့ပါ ... 🖤