🖤 3 🖤

880 66 0
                                    

ထို့နောက် Erebus က အကျဥ်းကျနေခဲ့ပြီး Adon ကတော့ နတ်ဘုရားအဖြစ်မှ ထုတ်ပယ်ခံခဲ့ရကာ လူ့လောကသို့ ပို့ဆောင်ခြင်းခံခဲ့ရသည်။

သို့သော် မြင့်မြတ်သော နတ်ဘုရားသွေးဖြစ်သောကြောင့် လူသားအဖြစ်သာ တစ်ဘ၀ပြီးတစ်ဘ၀မွေးဖွားခဲ့သည်။ ဘ၀ဆက်တိုင်းတွင်လည်း ရုပ်ရည် ဉာဏ်ပညာ စည်းစိမ်ချမ်းသာ ဘာမှ ပြောစရာမလိုအောင် ပြီးပြည့်စုံခဲ့သော လူသားလှလှလေး ။

၂၀ ရာစုကုန်ဆုံးခါနီး သက္ကရာဇ်တစ်ခု၀ယ် Adon က ရှောင်ကျန့် ဟူသော အမည်ဖြင့် မွေးဖွားခဲ့သည်။ Erebus ကလည်း ပြန်လည်လွတ်မြောက်လာကာ ချစ်ရသူလေးကို ရှာဖွေရန် ချစ်သူရှိရာ လောကဆီ ရောက်လာခဲ့သည်။

ရှောင်ကျန့်အနေနှင့် နတ်ဘုရားဘဝ၏ မှတ်ဉာဏ်များကို ဖျောက်ဖျက်ခံခဲ့ရသောကြောင့် Erebus ကို မှတ်မိနိုင်မည် မဟုတ်ပေ။ သို့သော် မိမိ၏ ထာဝရရှင်သန်သူ နတ်ဘုရားဘဝကိုပင် စွန့်လွှတ်၍ ချစ်ခဲ့သော အချစ်သည်ကား ပေါ့သေးသေးမဟုတ်သောကြောင့် ချစ်သူကို မမှတ်မိနိုင်သော်လည်း မြင်လိုက်သည့် အချိန်တိုင်း နှလုံးသားထဲတွင် ကိန်းအောင်းငြိမ်သက်နေသော ချစ်ခြင်းတရားတို့က အသံတိတ် အုံကြွလာသည်။ Erebus တစ်ဖြစ်လဲ ရိပေါ်ကို မြင်လိုက်ရချင်း တစ်ခဏမှာပင် ဘ၀အဆက်ဆက် တိတ်ဆိတ်နေခဲ့သော နှလုံးသားက နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့သော ပိုင်ရှင်ကို ပြန်လည်တွေ့ဆုံရာတွင် အတိုင်းအဆမဲ့ ပျော်ရွှင်နေခဲ့သည်။ ထို့ကြောင့် ရှောင်ကျန့်မှာ စမြင်စဥ်တည်းက ဒီကောင်လေးကို သူနှင့်ရင်းနှီးနေခဲ့သည့်ခံစားချက်ရခဲ့သော်လည်း ဘဝနှင့်ရင်း၍ ချစ်ခဲ့သူဖြစ်ကြောင်းကိုတော့ မမှတ်မိနိုင်ခဲ့ပေ။

Erebus အနေဖြင့်လည်း နတ်ဆိုးစွမ်းအားတို့ ရှိနေသေးသည်။ သို့သော် ရှောင်ကျန့်ကို မမှတ်မိနိုင်ခဲ့ခြင်းမှာ သူသည် အနှစ် ၈၀၀၀ အကျဥ်းကျမခံရမီ ၂ ဦးကြားရှိ ကြိုးနီကို ဖြတ်တောက်ခြင်းခံခဲ့ရသည်။ နတ်ဆိုးတစ်ပါးအနေဖြင့် ကြိုးနီဆင်မြန်းခွင့်မရှိသည်ကြောင့် အတင်းအကြပ်ပြန်လည်သိမ်းယူခံခဲ့ရသည်။ နှစ်ပေါင်း ၈၀၀၀ ကျော်ကြာပြီးသည့်နောက် ချစ်ရသူသည် မည်သည့်အသွင်သဏ္ဍာန်ရှိမှန်း မသိခဲ့သောကြောင့် ရှောင်ကျန့်ကို မြင်မြင်ချင်း မမှတ်မိခဲ့ခြင်းဖြစ်သည်။

🖤 Black rose 🖤Where stories live. Discover now