🖤 11 🖤

630 57 4
                                    

ထိုနေ့ညက ရိပေါ် သူ့အိမ်သူ မပြန်တော့...ရှောင်ကျန့်အိမ်မှာပင် မိုးလင်းခဲ့သည်...အိပ်တော့ မအိပ်ဖြစ်ခဲ့ကြ...

ရှောင်ကျန့် အိမ်က ခေါင်မိုးထပ်လိုမျိုး နေရာလေး ပါသောကြောင့် ထိုနေရာလေးတွင် နှစ်ဦးသားအတူ ကြယ်တွေကိုကြည့်ရင်း တိတ်ဆိတ်နေခဲ့ကြသည်။ မည်သူကမှ စကားမစခဲ့ကြ...

" ရိပေါ် "

တိတ်ဆိတ်မှုကို ရှောင်ကျန့်ကပင် စတင်ဖြိုခွင်းလိုက်သည်...

" မင်း ငါ့ကို ပြောစရာ မရှိဘူးလား? "

" မောင့်ကို ဘာပြောစေချင်တာလဲ "

" ငါ...ငါ တောင်းပန်ပါတယ် "

" တောင်းပန်စရာမလိုဘူး မောင်မကြိုက်ဘူး အချစ် "

" ဒါပေမယ့် "

" အားလုံးက မောင် ရွေးချယ်ခဲ့တဲ့ လမ်းတွေချည်းမို့ မင်းနဲ့မဆိုင်ဘူး မင်းသိထားရမှာက မောင်က မင်းကို သိပ်ချစ်တယ် ဆိုတာပဲ... "

" အင်းပါ "

" မောင့်ကမ္ဘာငယ်လေး "

ရှောင်ကျန့်က လှည့်ကြည့်သောအခါ ...

" မောင့်ရင်ခွင်ထဲ ခိုနားလှည့်ပါဦး "

လက်ဆန့်တန်းကာ ပြောနေပုံက ရှောင်ကျန့်ကို ဆီးကြိုနေပုံမို့ ရှောင်ကျန့်က ရိပေါ်ပုခုံးပေါ်မီချကာ ရင်ခွင်ထဲ ရောက်ရှိလို့လာသည်။

လုံလောက်ပါပြီ...ဒီလောက်ဆို လုံလောက်ပြီ...သူသာ ကျတော့်ရင်ခွင်ထဲမှာ ရှိနေရင် ... တစ်ဦးနဲ့တစ်ဦး အခုလို ထွေးပွေ့ထားခွင့်ရှိနေသေးရင်ကို ကျတော်ဘာတွေပဲ ပေးဆပ်ရပါစေ...ထိုက်တန်တယ်...

တခြားသူတွေ အားလုံးက ကျတော်အခုလိုဖြစ်ရတာ သူ့ကြောင့်လို့ ပြောကြတယ်...ဟင့်အင်း...မဟုတ်ပါဘူး...ကျတော် ဘယ်တုန်းကမှ အဲ့လို မထင်ခဲ့ဖူးဘူး...ကျတော့်ချစ်သူခေါင်းထဲကို အဲ့လို ပေါက်ကရအတွေးတွေ ထည့်ပေးလိုက်တာမျိုးလည်း ကျတော်မကြိုက်ဘူး...စွမ်းအားတွေသာ ရှိနေသေးရင် အဲ့ပေါက်ကရတွေပြောသွားတဲ့ Bil ဆိုတဲ့ကောင်ကို နတ်ဆိုးဘုံထိ ပြန်ပြီး ချဦးမှာ...ခုတော့ ကျတော့်ချစ်သူလေးက သူ့ကြောင့်လို့ထင်ပြီး စိတ်ညစ်နေရှာပြီ...အဲ့လိုထင်မှာသိလို့ ကျတော်ကိုယ်တိုင်တောင် ဒီအကြောင်းတွေကို ဘာမှမပြောတာကို...ကျတော် သူ့ကို ပြောပြခဲ့တာ ကျတော်တို့ရဲ့ မြတ်နိုးစရာ အမှတ်တရတွေချည်းပဲ...တစ်ခါမှ မှတ်ဉာဏ်ဆိုးတွေ မပါစေခဲ့ရဘူး ...

🖤 Black rose 🖤Where stories live. Discover now