🖤 6 🖤

645 54 2
                                    

စိတ်ရှုပ်ရှုပ်နှင့် ဆိုင်ကယ်ကို အမြင့်ဆုံးအရှိန်ဖြင့်မောင်းကာ ယန်ဇီမြစ်ကမ်းနံဘေးသို့ ထွက်လာခဲ့လိုက်သည်။

" ရိပေါ် ဘယ်သွားမလို့လဲ? "

နားနားကပ်ကာ တဟူးဟူး အော်မြည်နေသော လေသံများကြားမှ ချစ်ရသော အသံတိုးဖျော့ဖျော့လေးကိုတော့ အသေအချာ ကြားလိုက်ပါသည်။

ခါးထက်တွင်လည်း ပြုတ်ကျမှာစိုးသောကြောင့် မသိလိုက်မသိဘာသာ တွယ်ဖက်ထားမိသော လက်တစ်စုံက အေးစက်သော လေအဟုန်ကို ခုခံကာ နွေးထွေးလျက်။

ရိပေါ် ဘာမှ ပြန်မဖြေဘဲ မြစ်ကမ်းဘေးရောက်မှ ဆိုင်ကယ်ရပ်လိုက်သည်။

တစ်ခါမှ ယခုလို ဆိုင်ကယ်ကို အရှိန်အမြင့်ဆုံးမစီးဖူးသော ရှောင်ကျန့်မှာတော့ ဒူးတွေတုန်နေပြီး ဆင်းလိုက်ရာ ခွေကျသွားတော့သည်။

မှောက်ရက်လဲပြီ ထင်လိုက်သော်လည်း ခိုင်ခံ့သောရင်ခွင်တစ်ခုဆီသို့သာ မျက်နှာမူနေခဲ့သည်။ ထို့နောက် လိုက်လျောညီထွေစွာပင် ရှောင်ကျန့်၏ ကျောနှင့်ခါးသွယ်သွယ်တို့ထက် ကျရောက်လာသော လက်အစုံ။ ဆံနွယ်တို့နှင့် ထိခတ်နေသော နူးညံ့မှုက တင်းကြပ်စွာဖက်ထားသူ၏ ပါးပြင်ဖြစ်ကြောင့် သေချာသိသည်။

ရှောင်ကျန့် ရုတ်တရက် ကြောင်အသွားပေသည်။ ပြန်လွှတ်မပေးသေးဘဲ ဆက်လက်ဖက်ထားသော သူကို သူမငြင်းနိုင်ခဲ့သည်မှာလည်း ထူးဆန်းနေသလို။

ထို့နောက် ဆံနွယ်တို့ထက် ကျရောက်လာသော စိုစွတ်သော အထိအတွေ့...

မော့ကြည့်လိုက်သော် အံ့သြဖွယ်မြင်ကွင်းကို တွေ့လိုက်ရသည်ကား ဒီအေးတိအေးစက် မတုန်မလှုပ်နဲ့ကောင်က ငိုနေတာလား...။

သူက ငိုတတ်သေးတယ်ပေါ့ ဟူ၍ပင် တွေးလိုက်မိသေးသည်။ အတိတ်က တိတ်တခိုးကျခဲ့ရသော မျက်ရည်စက်များကိုတော့ သူမသိခဲ့ဘူးမလား...။

ဘာရယ်ကြောင့်မှန်းမသိ...ရိပေါ် မျက်ရည်ကျသည်ကို တွေ့သောအခါ ရှောင်ကျန့်ပါ အလိုလိုနေရင်း ငိုချင်လာသည်။

" မငိုပါနဲ့ ... ဘာလို့ ငိုနေတာလဲ "

ပါးပြင်ထက် ကျရောက်လာသော လက်ဖဝါးနုနုလေးနှင့် အဖျားခတ်လေးတိမ်ဝင်သွားသော ငိုသံစွက်နေသော အသံလေးကြောင့် ရိပေါ် သတိပြန်ဝင်လာသည်။

🖤 Black rose 🖤Where stories live. Discover now