🖤 4 🖤

793 62 0
                                    


Erebus ပြန်လည်သတိရလာသောအခါ ဦးစွာ ခံစားမိသည်က တစ်ကိုယ်လုံး အထိမခံနိုင်စွာ နာကျင်ကိုက်ခဲနေခြင်း...

မျက်လုံးဖွင့်ကြည့်လိုက်တော့ စီးကြိုနေသည်က အမှောင်ထုသက်သက်သာ...ဘေးဘီတွင် ဘာတွေရှိလဲ သူမကြည့်နိုင်။ တစ်ကိုယ်လုံး လေပြည်လေညင်းလေးနှင့် ထိခတ်မိလျှင်ပင် အသည်းခိုက်အောင် နာလှသည်။ သွေးညှီနံ့ရနေတာကြောင့် သူ့ခန္ဓာကိုယ်မှ သွေးများပင် ဖြစ်ပါလိမ့်မည်။

" Erebus "

နတ်ဆိုးတို့၏ အရှင်သခင်အသံ ထွက်ပေါ်လာရာ...

" မင်းကို အခု မင်းချစ်သူရှိရာနေရာဆီ ငါပို့ပေးလိုက်ပြီ...မင်းမှတ်ထား...မင်းချစ်သူနဲ့တွေ့တဲ့အခါ တခြားသူတွေနဲ့ မတူတဲ့ အဖြစ်အပျက်တွေ ဖြစ်လိမ့်မယ်။ မင်းဘေးပတ်ပတ်လည်မှာ အနက်ရောင်နှင်းဆီတွေရှိတယ် Erebus...ဒီနှင်းဆီတွေဟာ မင်းအသက်ပဲ။ နှင်းဆီပွင့်ဖတ်တစ်ဖတ်ချင်းဆီဟာ မင်းရဲ့ လူသားသက်တမ်း တစ်ရက်ပဲ။ ဒီနှင်းဆီတွေ မကုန်ခင် မင်းချစ်တဲ့သူကို တွေ့အောင်ရှာပါ...ငါမင်းကို တတ်နိုင်သလောက် ကူညီပြီးပြီမို့ ကျန်တာ မင်းအပိုင်းပဲ "

ထို့နောက် အသံပျောက်ကွယ်သွားသည်။ သူဘာမှပြန်မပြောနိုင်ခဲ့...ပြောနိုင်စွမ်းမရှိခဲ့ပါ။

သူ့ခန္ဓာကိုယ်မှ ဒဏ်ရာများ ပျောက်ကင်းရန် ၁ လကျော် အချိန်ယူခဲ့ရသည်။ ၁ လခန့်ကြာမှ ပြန်လည်လှုပ်ရှားလာနိုင်ခြင်းဖြစ်ပြီး အရှင်းတော့ပျောက်မသွားသေး...

ပြန်လည်လှုပ်ရှားလာနိုင်သည်နှင့် တစ်ပြိုင်နက် ဤလူ့လောကသို့ ရောက်လာရသော ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရတော့သည်။

ပထမဆုံး သူနေရာအနှံ့သွားကာ ချစ်သူကိုရှာခဲ့သော်လည်း မတွေ့ခဲ့။ ထို့​နောက် သူ့ချစ်သူဘယ်မှာရှိမည် ဘယ်သူဖြစ်မည်ကို သိစေရန် အကို၀မ်းကွဲတစ်ယောက်ဖြစ်သူကို ကပ်ကာ အကူအညီတောင်းရသည်။ ထိုအကိုပြောလိုက်သည်က သူ့ချစ်သူသည် တက္ကသိုလ်ကျောင်းသားအဖြစ်ရှိနေသည်။ မည်သည့်တက္ကသိုလ် မည်သည့်မေဂျာတွင်ရှိနေမည်ကိုပါ ပြောပြလိုက်သည်။

🖤 Black rose 🖤Where stories live. Discover now