12

351 41 0
                                    

Zgy

Till the day;....12

ဒီရက်ပိုင်း ဘတ်ဟျွန်းဟာ ဓာတ်ခွဲခန်းထဲက မထွက်ဖြစ်လောက်အောင်ကို အလုပ်များနေတာဖြစ်သည်။ ၃ ရက်မြောက်နေ့ရှိပြီမို့ ထုတ်ဖော်လက်စဆေးဟာ တစ်ဝက်နီးပါးတော့ ပြီးနေပြီဖြစ်သည်။

"အင်း ဒါဆိုရင်တော့ အချိန်မှီပြီးနိုင်ပါပြီ.."

တစ်ကိုယ်တည်းရေရွတ်ကာ ဘတ်ဟျွန်းဘယ်အချိန်ရှိပြီလဲ သိဖို့ ဓာတ်ခွဲခန်းထဲကနေ အပြင်ထွက်ခဲ့လိုက်တယ်။ တိုင်ကပ်နာရီကို လှမ်းကြည့်တော့ ည ၇ နာရီရှိနေပြီ။ ဒီနေ့တော့ ပတ်အိမ်တော်ကို တင်ပြဖို့ သွားစရာမလိုတာမို့ ဘတ်ဟျွန်းလောစရာမလို။

"တီတီတီ... တီတီတီ.."

ဘတ်ဟျွန်းရဲ့ ပီပီလေးကနေ အချက်ပေးသံမြည်လာတာမို့ လမ်းဘေးဖုန်းဆိုင်တစ်ခုဆီ ဘတ်ဟျွန်းပြေးရတယ်။ သူစိတ်တွေ လှုပ်ရှားနေတယ်။ ဒါပေမယ့် ဘတ်ဟျွန်းရဲ့ စိတ်ခံစားမှုပုံစံတွေဟာ မျက်နှာမှာ ထင်ဟပ်နေတော့မှာ မဟုတ်ဘူး။ သူဟာ မျိုသိပ်ရလွန်း  ထုံသွားတာလားပဲ။

ဘတ်ဟျွန်း စိတ်တွေ လှုပ်ရှားနေတာဆိုတာ အသက်ရှုသံပြင်းပြင်းတွေတောင် ကြားရတဲ့အထိပဲ။ ဘာလို့ဆို သူ့ဆီဆက်သွယ်မယ့် တစ်ခုတည်းသောအရာက ဆေးရုံကဖြစ်တာကြောင့်ပဲ။ ဘတ်ဟျွန်းဟာ ဖုန်းခွက်လေးကို နားမှာကပ်လိုက်ပြီဆိုရင်ပဲ တစ်ဖက်ကစကားသံတွေဟာ အလုံးအရင်းနဲ့ ဝင်ရောက်လာတော့တယ်။ 
အကြောင်းအရာတွေဟာ နီးလာလိုက် ဝေးသွားလိုက်။ ဘတ်ဟျွန်းရဲ့ မျက်ဝန်းအိမ်ကနေ အရည်ကြည်လေးတွေ ပြည့်လျှံလာခဲ့တယ်။ ဘတ်ဟျွန်း မငိုတာ အတော်ကြာခဲ့ပြီ။

ဘတ်ဟျွန်းဘဝမှာ ပထမဆုံးအကြိမ်အဖြစ် အသိစိတ်တွေမဲ့သလို ပတ်ဝန်းကျင်တစ်ခုလုံး ပျောက်ဆုံးနေတယ်။ နားဆီကပ်ထားတဲ့ ဖုန်းခွက်လေးဟာ ဖုန်းအထိုင်နေရာဆီပြန်မရောက်သွားတော့ပဲ ကြိုးစကနေ အောက်ကြမ်းပြင်ဆီခုန်ဆင်းသွားတယ်။ ဘတ်ဟျွန်းပါးပြင်ပေါ် မျက်ရည်တွေ စီးဆင်းသွားတယ်။ ဘတ်ဟျွန်းဟာ မျက်ရည်တွေကြားကနေပဲ အော်ရယ်နေခဲ့သေးတယ်။

နောက်ဆုံးတော့ ....
နောက်ဆုံးတော့ ဘတ်ဟျွန်းလဲ ပျော်ရွှင်မှုဆိုတဲ့ အရာနဲ့ ထိုက်တန်ခဲ့ပြီထင်တယ်။
နောက်ဆုံးတော့ ဘတ်ဟျွန်းလဲ စိတ်ရင်းနဲ့ ရယ်နိုင်တော့မယ်ထင်တယ်။

Till The Day;...(completed)Where stories live. Discover now