24

315 29 0
                                    

Zgy

Till the day;..... 24

ချန်းယောလ်ဟာ မှော်ဝင်နေသူတစ်ယောက်လို တိမ်းညွန်းမှုတို့နဲ့ နှုတ်ခမ်းရဲရဲလေးဆီ ကျူးကျော်လိုက်တဲ့အခါ ဘတ်ဟျွန်းရဲ့ လှုပ်ရှားမှုမှန်သမျှလည်း ရပ်တန့်သွားတယ်။ နှလုံးခုန်သံ တစ်ခုသာ သိသိသာသာ ကျယ်လောင်နေတယ်။ နေမင်းကြီးဟာ အနောက်ဘက် အရပ်ဆီ အလိုက်တသိရှောင်တိမ်းသွားချိန်မှာ ချန်းယောလ်ကတော့ နူးညံ့မှုတွေဆီတိမ်းမူးနေတယ်။
စိုစွတ်သော...
ချိုမြသော...
နွေးထွေးသော...
ပြီးတော့ ငြိမ်းချမ်းသော...

တစ်ချက်
နှစ်ချက်
သုံးချက်
တဘုန်းဘုန်းထုရိုက်နေမှုဟာ ရင်ဘတ်ဆီမှာ..
ဟုတ်တာပဲ သူ ဘတ်ဟျွန်းကို..

"အသက်ရှူလို့ မရတော့ဘူးလေ ချန်းယောလ် ရူးသွားတာလား တကယ်ပဲ.."

မောဟိုက်တဲ့ လေသံနဲ့ ရန်တွေ့သံက မနှစ်မြို့မှု တစ်စုံတစ်ရာမပါ။ ရဲစိုစိုနှုတ်ခမ်းပါးလေးနှစ်ခု ဖွင့်ပိတ်နေပုံက ငေးကြည့်နေချင်စရာ။

"ဘတ်ဟျွန်းနီး ကိုယ်.."

"ဘာလဲ တောင်းပန်မလို့လား
တောင်းပန်မယ်ဆိုလဲ ယုတ္တိရှိအောင် တောင်းပန်နော်
မဟုတ်ရင် ငါနဲ့တွေ့မယ်"

"မဟုတ်ဘူး ..."

"ဘာကိုမဟုတ်တာလဲ ချန်းယောလ် သေချာပြောစမ်းပါ
စကားပြောရင် အမြဲမပွင့်တပွင့်နဲ့ တကယ်ပဲ..."

"တောင်းပန်မှာ မဟုတ်ဘူးလို့..."

"ဘာ...."

ဒီတစ်ခါ ဆွံ့အသွားရတာ ဘတ်ဟျွန်းပင်။ ဘာအချိုးလဲ ဒါက။ လူကို မတော်တရော်လုပ်ပြီး အခုမတောင်းပန်နိုင်ဘူးတဲ့လား။ မဖြစ်တော့ ဒီလူဆိုးလးက ဘတ်ဟျွန်းဆုံးမပေးမှ ဖြစ်တော့မှာ။

"ဒီမှါ ချန်းယောလ်
လူဆိုတာ အမှားလုပ်မိရင် တောင်းပန်ရမယ်မဟုတ်ဘူးလား..."

"အမှား မဟုတ်ဘူး..."

ဘတ်ဟျွန်းရဲ့ တစ်သီကြီးပြောမယ့်ဆုံးမစကားတွေ ခါးကနေဖြတ်ခုတ်ခံလိုက်ရသလို ဝင်ပြောလာတဲ့ စကားကြောင့် ဘတ်ဟျွန်းဆက်ပဲ ပြောရတော့မှာလိုလို ရပ်ပဲနေရတော့မှာလိုလို...

Till The Day;...(completed)Where stories live. Discover now