Zgy
Till the day;....42( final)
"ခွမ်းးး..."
"မေမေ...အဆင်ပြေ..."
"မေမေရေ ဘဲ့ဟာ ကျောင်းစာအုပ်တွေ ထည့်ပြီးးးး..........ပြီ......"
"ဘဲ့ဟာ...."
စီးဆင်းနေကြတဲ့ အချိန်စက်ဝန်းက အချိန်တစ်ခုထိ ရပ်တန့်သွားတယ်။ မေမေက သိမ်းဆည်းလက်စ ပန်းကန်ကွဲတွေဘေးမှာ ကျောက်ရုပ်တစ်ရုပ်လို ရပ်တန့်နေတယ်။ ဘဲ့ဟာရဲ့ ပြေးလွှားလာခဲ့တဲ့ ခြေလှမ်းတွေက အခန်းဝလေးမှာတင် တိခနဲရပ်တန့်သွားတယ်။ ပြီးတော့ ဘာစကားမှ မပြောကြပဲနဲ့ မေမေရော ဘဲ့ဟာပါ ဘူးသီးလုံးလောက် မျက်ရည်တွေ ရစ်သိုင်လာတယ်။ ချန်းယောလ်လို အပြေးလာဖက်မယ်လို ထင်ထားပေမယ့် ရပ်တန့်နေရာကနေ တစ်လက်မလေးတောင်မရွေ့ပဲ ငုပ်တုပ်လေးထိုင်ချလိုက်ပုံက မေမေရော ဘဲ့ဟာရော တထေရာတည်း။
တစ်ယောက်တစ်နေရာဆီမှာ အဲ့လိုမျိုးထိုင်ငိုကြတဲ့အခါ ဘတ်ဟျွန်းတစ်ယောက်တည်း ဟိုပြေးရမလို ဒီပြေးရမလို ဗျာများလာတယ်။ နောက်ဆုံးတော့ ဘတ်ဟျွန်းလဲ ရပ်နေဆဲနေရာလေးမှာ ငုပ်တုပ်ထိုင်ချလိုက်တယ်။ အဲ့ဒီအချိန်မှာ အချိန်များစွာ ဆိတ်သုန်းနေကြတဲ့ တိမ်တွေ တရစ်ရစ်ပြိုဆင်းလာတယ်။ ဘတ်ဟျွန်း မသိလိုက်ခင်မှာပဲ အမြင်အာရုံတွေ ဝေးဝါးလာတယ်။ အဲ့လိုနဲ့ တိမ်ဆိုင်တွေလို ပြာလွင်နေတဲ့ အိမ်လေးထဲမှာ တြိဂံလိုမျိုး သုံးပွင့်ဆိုင် ငိုနေကြတဲ့ လူသုံးယောက်က ကိုးယို့ကားယားဆန်စွာ တည်ရှိနေကြတယ်။ ချန်းယောလ်နဲ့ ဖေဖေကတော့ ပြုံးပြုံးကြီးငေးနေတော့တာပါပဲ။
*****
ထမင်းစားပွဲမှာ စုထိုင်ဖြစ်ကြချိန်မှာ ငိုယိုထားလို့ နီးမြန်းနေတဲ့ မျက်နှာလေးတွေနဲ့ နှာလေးတွေ တရှုံ့ရှုံ့။ အလုံးစုံရှင်းပြပြီးပေမယ့် မေမေရော ဘဲ့ဟာပါ ဖေဖေကို ပြူးလို့ ကြည့်နေတုန်း။ ပတ်ချန်းယောလ်ကတော့ ဘာကြောင့်မှန်းမသိ ရုတ်ချည်းပျက်ယွင်းသွားတဲ့ မျက်နှာထားနဲ့ နီမြန်းလာတဲ့ နာရွက်ဖျားတွေ။ ပြီးတော့ ဖင်ကုတ်ခေါင်းကုတ်နဲ့ ကို့ယို့ကားယားတွေကို ဖြစ်လို့။
ကျောင်းဝတ်စုံနဲ့ ငုပ်တုပ်ထိုင်ရက်ကနေ ဖေဖေကို့ပဲ မမှိတ်မသုတ်ကြည့်နေဆဲ ဘဲ့ဟာရယ်။ အနောက်တိုင်းဝတ်စုံတစ်ခုလုံး ရွံ့ညစ်တွေ ပေရေနေတဲ့ ပတ်ချန်းယောလ်ရယ်။ ပြီးတော့ အခုထိ အင်္ကျီလဲခွင့်မရသေးတဲ့ ကျွန်တော်ရယ်။ အေပရွန်ကြီး ဝတ်ထားဆဲ မေမေရယ်။ ကြည့်ရင်းကြည့်ရင်း ဘတ်ဟျွန်း တခွီးခွီးရယ်ချင်စိတ်ကို မနည်းကို လျာကိုက်ပြီးထိန်းထားရသည်။ ဖေဖေကတော့ ဘုမသိဘမသိ ပြုံးပြုံးကြီး ငြိမ်သက်နေဆဲ။
YOU ARE READING
Till The Day;...(completed)
Fanfictionကိုယ်စောင့်နေမှာပေါ့ မင်းမျက်ဝန်းက တိမ်စိုင်တွေ ငွေ့ရည်ဖွဲ့ဖို့ မင်းနှလုံးသားက ဒဏ်ရါတွေ နွေးထွေးစေဖို့ မင်းလက်ဖဝါးလေး အေးစက်မနေစေဖို့ သံသရာဆုံးရင်တောင် မင်းက ပြန်လာမယ်ဆိုရင် ကိုယ်ကရပ်စောင့်နေမှာပေါ့... အဲ့ဒီနေ့အထိပေါ့....