Zgy
Till the day;...7
Chanyeol ဝင်လာရာလမ်းတစ်လျှောက်မှာ နှင်းဆီပင်တွေရောင်စုံရှိနေပြီး အနီရောင်တောက်တောက် နှင်းဆီပွင့်ဖတ်တွေဟာ မနက်ခင်းစောစောမို့ နှင်းရည်သောက်လို့ လန်းဆန်းနေတယ်။ ကျောပေးလျှောက်နေတဲ့ ဆန့်ကျင်ဘက်အရပ်မှာတော့ ထင်းရှူးနံ့သင်းသင်းရတဲ့ ထင်းရှူးပင်ကြီးတွေ အစီအရီနဲ့ အိမ်ငယ်လေးမှာ အဝါရောင်မီး ပြပြလေးထိန်လင်းနေဆဲ။
chanyeol ဟာ နှင်းဆီပင်တွေဆီ ခြေထောက်နဲ့ ဆတ်ခနဲကန်လိုက်တော့ ငွေရောင်နှင်းစက်တွေဟာ ထိုအပွင့်နီနီတွေဆီကနေ မြေပြင်ပေါ်ခုန်ပေါက်ဆင်းသွားကြတယ်။
မှန်ရောင်လက်နေဆဲ အိမ်မကြီးဟာ မနက်ခင်းစောစောမို့ ဘာဆူညံသံမှ မရှိလောက်အောင် တိတ်ဆိတ်နေတယ်။ အဲ့ဒီတိတ်ဆိတ်မှုတွေကို နှောက်ယှက်လိုက်တာကတော့ ချန်းယောလ်ရဲ့ ရှူးဖိနပ်သံ တစ်ဒေါက်ဒေါက်ပဲ ဖြစ်တယ်။ ချန်းယောလ်ဟာ ဘာကိုမှကရုမစိုက်ဟန်အပြည့်နဲ့ ကြီးမားတဲ့ ကြောင်လိမ်လှေကားကြီးဆီ တစ်ထစ်ချင်းတက်လာတယ်။ အိမ်တစ်ခုလုံးမှာ ဖိနပ်သံတစ်ဒေါက်ဒေါက်သာ ခြောက်ခြားဖွယ် ထွက်ပေါ်နေတယ်။
အိမ်ပေါ်ထပ်ရဲ့ထောင့်ဆုံးအခန်းတစ်ခန်းရဲ့ရှေ့ရောက်မှ ချန်းယောလ်ရဲ့ခြေလှမ်းတွေ ရပ်တန့်သွားတယ်။ နည်းနည်းလေးတောင် တုံ့ဆိုင်းခြင်းမရှိပဲ အခန်းတံခါးရဲ့ လက်ကိုင်ဘုလေးကို ဆွဲဖွင့်လိုက်တယ်။ ပွင့်ကျလာတဲ့ အနည်းငယ်သော တံခါးချပ်လေးရဲ့နောက်က အရာကို သေသေချာချာမမြင်နိုင်ခင်သေးမှာပဲ တားမြစ်ခံလိုက်ရတဲ့ လက်တစ်ဖက်။
ဒေါသ သံတစ်ခု။"မင်းဘာလုပ်တာလဲ .."
ချန်ယောလ်ဟာ ထိုအမေးကို သူဘာမှမသိသလို ပုံစံမျိုးနဲ့ လက်နှစ်ဖက်ကို မြှောက်ပြလို့ ပုခုံးနှစ်ဖက်ကို အနည်းတွန့်ရင်း အဖြေပေးတယ်။
"ဒီအိမ်ကို ဝင်ရင် လေးစားမှုရှိပါ ချန်းယောလ်
ကိုယ့်အဆင့်ကို သိရမှာ မဟုတ်ဘူးလား
ဒါမှ တစ်ယောက်နဲ့တစ်ယောက် စိတ်မရှုပ်ရမှာပေါ့
ဟုတ်တယ်မလား..""ဟက်.."
ချန်းယောလ်ရဲ့ လှောင်ရယ်သံနဲ့ လိုက်ဖက်စွာ ချန်းယောလ်ရဲ့မျက်နှာဟာလဲ ရယ်ချင်ပက်ကျိမျက်နှာကို မနည်းထိန်းထားရတဲ့ ပုံစံမျိုးဖြင့်..
YOU ARE READING
Till The Day;...(completed)
Fanficကိုယ်စောင့်နေမှာပေါ့ မင်းမျက်ဝန်းက တိမ်စိုင်တွေ ငွေ့ရည်ဖွဲ့ဖို့ မင်းနှလုံးသားက ဒဏ်ရါတွေ နွေးထွေးစေဖို့ မင်းလက်ဖဝါးလေး အေးစက်မနေစေဖို့ သံသရာဆုံးရင်တောင် မင်းက ပြန်လာမယ်ဆိုရင် ကိုယ်ကရပ်စောင့်နေမှာပေါ့... အဲ့ဒီနေ့အထိပေါ့....